kakanaingmin

kakanaingmin

Wednesday, June 26, 2013

Blogger ဘ၀ နှင့် စေတနာ
===============
ကျွန်တော်ဒီနေ့တော့ ဘလော်ဂါများရဲ့ ကိုယ်စား နည်းနည်းလောက်ပြောချင်ပါတယ်
ကျွန်တော်တို့ မြန်မာနိုင်ငံက အခြားနိုင်ငံတွေထက် အစစအရာရာ နောက်ကျခဲ့တဲ့အလျောက်
နည်းပညာ ပိုင်းမှာလည်း အရမ်းကို နှောင့်နှေးပါတယ် လက်ရှိအချိန်ထိပေါ့
အဲဒီလို နည်းပညာပိုင်းအားနည်းမှုတွေကြောင့် တကယ်တော်သူတွေ
တကယ်ထက်မြက်သူတွေက မြန်မာနိုင်ငံမှာ အလုပ်မလုပ်ကြပါဘူး
သူတို့ ပညာနဲ့ တန်မယ့် လခကို ယူဖို့အတွက် အခြားသောတိုင်းပြည်ကို
ထွက်သွားကြပါတယ် ဒါပေမယ့် မြန်မာလူမျိုးတွေကိုတော့ သူတို့ တိုးတက်စေချင်ကြပါတယ်
ဒါကြောင့် သူတို့ သိတာလေးတွေကို မသိတဲ့သူတွေအတွက် ဝေမျှဖို့
blog တွေလုပ် website တွေ ရေး Facebook မှာ Group တွေဖွဲ့ပြီးတော့
လုပ်ပေးကြပါတယ်။ ဒါက သူတို့ရဲ့ အချိန်တွေတစ်စွန်းတစကို အခြားသူတွေအတွက်
ပေးဆပ်နေတာပါ မြန်မာပြည်ကနေဘလော့ရေးနေသူတွေလည်း အများကြီးပါ
လိုင်းကောင်းလို့ ဘလော့ရေးသူတွေရှိသလို လိုင်းမကောင်းပေမယ့်
မရရအောင် ဖုန်းဘေတွေအကုန်ခံပြီး အချိန်တွေ အကြာကြီးပေးဆပ်နေသူတွေလည်း
ကျွန်တော်အပါအ၀င်အများကြီးပါ နိုင်ငံခြားက ဘလော့တင်သူတွေက အင်တာနက်လိုင်းကောင်း
တော့အဆင်ပြေကြတယ် ငွေကြေးလည်း သိပ်မကုန်ကျပါဘူး။။
ကျွန်တော်တို့ကျတော့ ကောင်းတစ်ခါ မကောင်းတစ်လှည့်နဲ့
ရေးနေကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်သိတာလေးတွေကို အများကို မျှဝေစေချင်တဲ့
ဆန္ဒတွေနဲ့သာ လျှောက်လှမ်းနေကြတာပါ အဲဒီအတွက် ကျွန်တော်တို့မှာ
အချိန်တွေ ငွေကြေးတွေ အများကြီးရင်းနှီးထားရပါတယ်။ ကိုယ်ပိုင်အချိန်အချို့ကိုတောင်
လျစ်လျူရှုထားရပါတယ် .. ဒါက စေတနာတွေပေါ့
ဒါဆို ကျွန်တော်တို့ရော ဘာပြန်ရသလဲ ငွေမရပါဘူးဗျာ ဘလော်ဂါတိုင်းကိုမေးကြည့်ပါ
အခုအချိန်ထိ ဘလော့ကနေ ငွေဘယ်လောက်ရပြီးပြီလဲလို့
ငွေရဖို့ဒီအလုပ်တွေလုပ်နေတာမဟုတ်ပါဘူး ဒါပေမယ့် website ပေါ်မှာ
ကြော်ငြာတင်တာလေးတွေခေတ်စားတော့ မိမိဆိုဒ်လေးတွေ ဘလော့လေးတွေကို
အထိုက်အလျှောက်ကြော်ငြာလေးတွေ သွင်းထားခဲ့ကြတယ်
ငါတို့အတွက်တင်ပေးနေလို့ donate လေး လစဉ်လုပ်မယ်လို့လည်း
ပြောမယ့်သူတွေမရှိပါဘူး မရလို့ပြောတာမဟုတ်ပါဘူး ကျွန်တော်တို့မှာ
ဘာမှမရဘူးလို့ပြောချင်တာပါ ။။ ဘာမှမရရင်နေပါ ကျွန်တော်တို့တင်ပေးတာလေး
တွေ ထဲက မိမိအတွက် တစ်ခုခုလောက် အသုံးဝင်မယ် တစ်ခုခုလောက်ပိုသိသွားရင်ပဲ
ကျွန်တော်တို့ကျေနပ်လှပါပြီ။ နောက်ပြီး ရင်းနှီးမှုတွေ ပိုရလာတယ်။
အွန်လိုင်းပေါ်မှာ မိတ်ဆွေတွေ ပေါများလာတယ် ။ ဒါတွေက
ကျွန်တော်တို့အတွက် အမြတ်တွေပါ ငွေရတာမရတာ အသာထား
ဒီလိုမျိုး ခင်မင်ရင်းနှီးမှုရတာတွေက တကယ့်ကို ပျော်ရွှင်စေတာပါ
မိမိဘလော့လေး လူဝင်များနေရင် ကြိတ်ပီး ပီတိဖြာနေသူပါ။။
ကော်ပီပို့စ်တင်တယ်လို့ အချို့သူတွေက ဘလော်ဂါတွေကို
ပြောကြပါတယ် ဟုတ်ပါတယ် အားလုံးက copy တွေပါ
ဘယ်သူက စဦး တီထွင်ခဲ့လို့လဲ ကိုယ့်ဆိုဒ်မှာတင်ထားတာတွေက
ကျွန်တော်တို့ကိုယ်တိုင် တီထွင်ခဲ့တဲ့ ဆော့ဝဲတွေလား
နည်းပညာတွေလား မဟုတ်ပါဘူး ဒီလိုပဲ တစ်ဆင့်ခြင်း လက်ဆင့်ကမ်း
ယူလာခဲ့ကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကော်ပီတင်သူလည်း
သူ့မှာအချိန်တွေတော့ ပေးဆပ်ရတာပါပဲ ။။ ဒါလေးတော့ သိစေချင်ပါတယ်ဗျာ။
ကျွန်တော် အဓိကပြောချင်တာကတော့ အွန်လိုင်းမှာ ဘလော့ရေးနေတာ
အားယားနေလို့မဟုတ်ကြပါဘူး ကိုယ်ပိုင်အလုပ်တွေရှိကြပါတယ်။
အဲဒီလူတွေရဲ့ စေတနာကို ကျေးဇူးမတင်ရင်နေပါ မစော်ကားကြပါနဲ့
မြန်မာစကားပုံလိုပေါ့ " ကျေးဇူးမတင်ဖင်လှန်ပြ" ဆိုသလိုတော့
မလုပ်ကြပါနဲ့ အဲဒီပြဿနာတိုင်းက ဘလော်ဂါတွေခံစားရပါတယ်
အချို့သူများဆိုလျှင် အဲဒီအရာတွေကို စိတ်နာပြီး ဘလော့တောင် မရေးကြတော့ပါဘူး။
အားလုံးရဲ့ ကိုယ်စားကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။
မိမိအတွက် တစ်စုံတစ်ခုမှမရရင်နေပါ မဆဲပါနဲ့ရိုင်းဆိုင်းတဲ့
စကားမျိုးတွေ မပြောကြပါနဲ့ တစ်ခါ ကျွန်တော့် page လေးမှာ
windows 8 မှာ screen shot အလွယ်ရိုက်နည်းလေးတင်ပေးဖူးပါတယ်
အောက်မှာ လူတစ်ယောက် ကော်မန့်တက်လာတယ်
"အခုမှ လာဟောင်နေတယ် ဒီကဖြင့်ရိုက်လွန်းလို့ ကီးဘုတ်ခလုတ်တွေတောင်ပျက်နေပီ"
တဲ့ သူ့စကားက မဆဲပေမယ့် စော်ကားသလိုဖြစ်နေပါတယ်
ကျွန်တော်သူတစ်ယောက်တည်းအတွက် တင်ပေးနေတာမဟုတ်ပါဘူး
မသိသူတွေ အများကြီးရှိကြပါတယ် မိမိက သိနေတယ်ဆိုရင်
အဲဒီရေးသားသူတွေရဲ့ ဘလော့တွေ page တွေကို ၀င်မကြည့်ပါနဲ့
ကိုယ်နဲ့မှ မဆိုင်တာ ကိုယ့်လောက်မသိသူတွေ ရေးနေတဲ့ဘလော့ကို
ကိုဝင်ကြည့်စရာမလိုဘူးလေ အဲလိုပဲနေပေးပါ ၀င်ကြည့်ပြီး
အပစ်ကြီးပဲ ဆိုမယ်ဆိုရင် လူတိုင်းမှာ အပြစ်တွေတစ်ပုံကြီးပါ
အဲဒီအပြစ်တွေပြောသူတွေကရော တကယ်အပြစ်ကင်းကြတယ်ပေါ့
ဘယ်လိုပဲဖြစ်ဖြစ် မိမိက သူများလိုမလုပ်နိုင်ရင်နေပါ
လုပ်ပေးနိုင်သူတွေကို မစော်ကားပါနဲ့လို့ အွန်လိုင်းမှာ
မျှဝေနေသူတွေ အားလုံးရဲ့ ကိုယ်စားကျွန်တော် အောင်ကျော်ခိုင် ကပဲ
တောင်းပန်ပါရစေခင်ဗျာ။။
ကိုရီးယားတယ်လီကွန်းကုမ္ပဏီ SK Telecom Co., မှ ကမ္ဘာ့ ပထမဦးဆုံး
သော LTE-Advanced Network ကိုစတင်
Wednesday, June 26, 2013

မြန်မာနိုင်ငံတွင် မကြာမီ ရက်ပိုင်းအတောအတွင်း Telecomတင်
ဒါလိုင်စင် နှစ်ခုကိုရွေးချယ်တော့မည့် ကာလမှာပဲ ကိုရီးယားနိုင်ငံတွင် SK Telecom ကုမ္ပဏီသည် 4G Network ၏ နောက်ဆုံးမျိုးဆက် LTE-Advanced မိုဘိုင်းနက်ဝပ်ဝန်ဆောင်မှုကို ယနေ့တွင်စတင်လိုက်ပြီဖြစ်
သည်။

LTE-Advanced သည် ယခင်LTEထက် အမြန်နှုန်းနှစ်ဆပိုမြန်ကာ
အခြားသော 3G Networksများထက် 10ဆပိုမြန်ပါသည်။ အမြန်နှုန်း 150Mbps ရှိသည်။

ယခုအခါတွင် LTE-Advanced Network ၀န်ဆောင်မှုများအားကို
ရီးယားနိုင်ငံရှိ ဆိုးလ်မြို့ အပါအ၀င် အခြားသောမြို့ကြီးပေါင်း 43 မြို့တွင် ရရှိနေပြီဖြစ်ပြီး မကြာမီ နောက်ထပ်မြို့များစွာသို့ထပ်မံတိုးချဲ့သွားမည်ဖြစ်
ကာ တက္ကသိုလ်ပေါင်း 103ခု ကလည်း အဆိုပါ LTE-Advanced Network၀န်ဆောင်မှုကို ရရှိနေပြီဖြစ်သည်။

Samsung Galaxy S4 ဖြင့်စမ်းသပ်ချက်များအရ အမြန်နှုန်း 150Mbps ရှိကြောင်းသိရသည်။LTE-A အနေဖြင့် Carrier Aggregation နည်းပညာကိုသုံးစွဲထားပြီး ယင်းနည်းပညာသည် မိုဘိုင်းနက်ဝပ်အတွင်းရှိ
မတူညီသော Frequencies များကို ပေါင်းစပ်ထားကာ ထိရောက်မှု အရှိဆုံး
သော 20MHz Spectrum band ကို10MHz channel band နှစ်ခုပေါင်းစပ်
ကာ ရရှိနိုင်မည်ဖြစ်သည်။ ပိုမိုမြင့်မားသော အမြန်နှုန်းများအား မကြာမီ ကာ
လ အတောအတွင်းရရှိ နိုင်တော့မည်ဖြစ်ပြီး လက်ရှိစံနှုန်းများအရ 20MHz Band ငါးခု အထိပေါင်းစပ်နိုင်သည်။

LTE-Advanced သည် LTE ပြီးနောက်ထပ်မံပေါ်ထွက်လာသော
Standard တစ်ခုဖြစ်ပြီး LTE အနေဖြင့် လက်ရှိ High-Speed Network များတွင် အမြန်ဆုံး အဖြစ် သတ်မှတ်ထားသည်။

Samsung Electronics မှ CEO J.K.Shin က ရိုက်တာသတင်းဌာန
သို့ ပြီးခဲ့သည့်တနင်္လာနေ့ အင်တာဗျူးတွင် ပြောကြားရာ ၌ Samsaung အ
နေဖြင့် မကြာမီ LTE-Advanced အတွက် Galaxy S4 ကို အထူးဒီဇိုင်းချပြု
လုပ်ကာ ထုတ်လုပ်သွားမည်ဟု ဆိုခဲ့ပြီး ၄င်းကဆက်လက်၍ LTE စနစ်တွင်
3 မိနစ်ကြာ download လုပ်ရသော ဗီဒီယိုဖိုင်တစ်ခုကို LTE-A မှာ 1မိနစ်သာကြာသည်ဟု ဆိုခဲ့သည်။

ဂျပန် Telecom ကုမ္ပဏီ NTT DoCoMoကလည်း လက်ရှိ LTE Network ကို download speed 115.5 Mbps အမြန်နှုန်းဖြင့် ၀န်ဆောင်မှုများပေးနေပြီး LTE-Advanced Network ကို 1Gbps ဖြင့် 2015
မှာ ရရှိနိုင်အောင်လုပ်ဆောင်ပေးသွားမည်ဟု ပြောကြားမှုများရှိခဲ့သလို ကမ္ဘာ
တစ်လွှား နာမည်ကြီး Carriersများဖြစ်သည့် Sprint နှင့် AT & T တို့ကလည်း ယခုနှစ် အတွင်းမှာပင် LTE-Advanced Networkများကို တည်
ဆောက်သွားမည်ဟု ပြောကြားထားခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေကာမူ ကိုရီးယား SK Telecomကတော့ကမ္ဘာပထမဦး
ဆုံးသော LTE-Advanced Network ၀န်ဆောင်မှုကိုစတင်နိုင်ခဲ့သော ကုမ္ပ
ဏီအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး မကြာမီ ကာလများမှာ ကမ္ဘာတစ်ဝှမ်းLTE-A အမြန်နှုန်း များရရှိနိုင်စေဖို့ သက်ဆိုင်ရာ Telecom ကုမ္ပဏီကြီးများမှလုပ်ဆောင်သွားတော့မှာဖြစ်ပါတယ်။


Nyein Chan(TSJ Tech Team)
TechSpace Journal

Sony ARC S အတွက် Ultimate HD 3.0.2 Custom

ဒီ Custom ROM လေးကတော့် အတော်လေးကိုလန်းပြီး
Xperia Z အတိုင်းကို တစ်ထပ်တည်းတူပါတယ်
နောက်ပြီး battery သက်တမ်းလည်း အတော်ခံတယ်
စွမ်းဆောင်ရည်တွေကလည်း မနည်းမိုက်တယ်
official ထက်သာတယ် ပြီးတော့ bag fix တွေကိုလည်း အတော်လေး
လုပ်ထားတယ် မရတာမရှိလောက်အောင်ကို ကောင်းလွန်းတယ်ဗျ
အောက်ကပုံတွေကိုတစ်ချက်လောက်ကြည့်လိုက်ကြိုက်ပီဆိုဒေါင်းတော့
file Size 302MB
ROM တင်နည်း  
------------------------

  • CWM ထဲသို့ဝင်ပါ (ph ကိုပိတ်ပြီး ပြန်ဖွင့်လိုက်ချိန်မှာ sony logo တက်နေချိန် volume down ကိုနှိပ်၍ CWM ထဲဝင်ပါ)


  • Wipe Data/Factory Reset
  • Mounts and Storage --> Format /System
  • Advanced > Wipe Battery Stats
  • Install zip from SD card ကိုသွား၍ Xperia Ultimate HD ကို ရွေးလိုက်ပါ
  • ROM install လုပ်နေတာကိုတွေ့ရပါလိမ့်မယ်
  • install လုပ်ပြီးသွားရင် reboot ကိုနှိပ်လိုက်ပါ
  • ပိတ်ပြီး ပြန်ပွင့်လာရင် ဒီဇိုင်းအလန်းလေးနဲ့သင်ရဲ့ ARC S လေးက Z ဒီဇိုင်းလေးဖြစ်နေမှာပါ




  • ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ

    အောင်ကျော်ခိုင်(ပုသိမ်ဆိုဒ်မှ)ဆော့ဝဲများဒေါင်းနည်း

    ကျွန်တော့်ဆိုဒ်လေးမှာ Download လုပ်ခြင်းနဲ့ ပက်သတ်လို့ အခတ်အခဲလေးတွေ
    ဖြစ်မှာစိုးလို့ Download လုပ်နည်းလေးတွေ ပြောပြလိုက်ပါတယ်
    အခုဖော်ပြထားတဲ့ Download လုပ်ရမယ့်ဆိုဒ်တွေက ကျွန်တော့်ဆိုဒ်မှာ
    အသုံးများတဲ့ဆိုဒ်တွေဖြစ်လို့ ပုံနှင့်တကွ သေချာလေးရှင်းပြထားပါတယ်။
    အခြားသော Website များတွင် တင်ထားသော ဆော့ဝဲများကိုလည်း
    ဒေါင်းနိုင်ရန်အတွက် ရည်ရွယ်ပါသည်။
    ~~~~~~~~~~~~~~~~
    Adf.ly
     Download လင့်တွေကို Adf.ly လေးနဲ့ခံထားတာကို
    တော့အတော်များများသိပါတယ် SKIP နှိပ်ရတာလေးပါ
    ဥပမာ http://adf.ly/Pq94y လင့်မျိုးပေါ့
    အဲဒါဆိုရင် adf.ly ဆိုဒ်လေးပေါ်လာပါမယ် အဲဒီမှာ 
    5 second လောက်စောင့်ပေးရမယ်
     
    ပြီးမှ SKIP  AD  ဆိုတာလေး ပေါ်လာရင်နှိပ်ပေးရုံပါပဲ
     
    ဒါက ADF.LY ကျော်နည်းလေးပါ
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    D-h.st မှဒေါင်းနည်း
     
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
     
    TusFile မှဒေါင်းနည်း
     
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
     
    Share Beast မှ ဒေါင်းနည်း
     
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
     
    Zippyshare မှ ဒေါင်းနည်း
     
    အခြားသော file hosting site များမှ ဒေါင်းနည်းများကို ဆက်လက်ဖော်ပြပါအုံးမည်

    အောင်ကျော်ခိုင်(ပုသိမ်ဆိုဒ်မှ)ဆော့ဝဲများဒေါင်းနည်း

    ကျွန်တော့်ဆိုဒ်လေးမှာ Download လုပ်ခြင်းနဲ့ ပက်သတ်လို့ အခတ်အခဲလေးတွေ
    ဖြစ်မှာစိုးလို့ Download လုပ်နည်းလေးတွေ ပြောပြလိုက်ပါတယ်
    အခုဖော်ပြထားတဲ့ Download လုပ်ရမယ့်ဆိုဒ်တွေက ကျွန်တော့်ဆိုဒ်မှာ
    အသုံးများတဲ့ဆိုဒ်တွေဖြစ်လို့ ပုံနှင့်တကွ သေချာလေးရှင်းပြထားပါတယ်။
    အခြားသော Website များတွင် တင်ထားသော ဆော့ဝဲများကိုလည်း
    ဒေါင်းနိုင်ရန်အတွက် ရည်ရွယ်ပါသည်။
    ~~~~~~~~~~~~~~~~
    Adf.ly
     Download လင့်တွေကို Adf.ly လေးနဲ့ခံထားတာကို
    တော့အတော်များများသိပါတယ် SKIP နှိပ်ရတာလေးပါ
    ဥပမာ http://adf.ly/Pq94y လင့်မျိုးပေါ့
    အဲဒါဆိုရင် adf.ly ဆိုဒ်လေးပေါ်လာပါမယ် အဲဒီမှာ 
    5 second လောက်စောင့်ပေးရမယ်
     
    ပြီးမှ SKIP  AD  ဆိုတာလေး ပေါ်လာရင်နှိပ်ပေးရုံပါပဲ
     
    ဒါက ADF.LY ကျော်နည်းလေးပါ
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    D-h.st မှဒေါင်းနည်း
     
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
     
    TusFile မှဒေါင်းနည်း
     
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
     
    Share Beast မှ ဒေါင်းနည်း
     
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
     
    Zippyshare မှ ဒေါင်းနည်း
     
    အခြားသော file hosting site များမှ ဒေါင်းနည်းများကို ဆက်လက်ဖော်ပြပါအုံးမည်

    ဆော့ဝဲလ် တွေကိုမြန်မာလိုပြင်သုံးမယ်


    အမှန် တကယ် ကတော့ အပေါ် ကဟာ က အင်္ဂလိပ် လို့ပဲသုံးလို့ရပါ ဗမာကိုရွေးသုံးလို့ရတဲ့နည်းခုရေးပြပါမယ် လွယ်လွယ်လေးပါ အရင်ဆုံး install လုပ်ထားတဲ့ folder ဆီသွားပါ program files ထဲမှာရှိတာများပါတယ် ပြီးရင် အဲထဲ့က language folder ထဲ့သွားလိုက်ပါ
    နာမည် တချို့ကျတော့ lang လို့ပေးထားတယ် အောက်မှာကြည့်ပါ ဖိုင်တွေ တွေ့ပါလိမ့်မယ်

    English ကို ကော်ပီပွားလိုက်ပါ ပြီးတော့ note pad နဲ့ဖွင့် အောက်ကလို့ပြင်လိုက်ပါ စိတ်တိုင်းကျဘာသာပြန်ပြီးတော့ save လိုက် ပါ ကျတော် တော့ myanmar လို့ save လိုက်တယ်

    ကဲ့ ပြီးရင် setting ထဲ့ဝင်ပြင်ပြီးတော့ သုံးလို့ရပါပြီ ပြီးရင် winrar နဲ့ portable ဖြစ်အောင် လုပ်ပြီးတော့ သူများတွေကိုပေးရင်းဖိန် ပေါ့ဗျာ ကျတော်လုပ်တာလေ ဒီဟာ ဖတ်မိရင်တော့ဆဲခံရမှာမြင်ယောင်သေး။



    ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ