kakanaingmin

kakanaingmin

Wednesday, July 3, 2013

Android မှာ Facebook က ပုံတွေဒေါင်းဖို့

Android မှာ Facebook က ပုံတွေဒေါင်းဖို့



Android ဖုန်းအတွက် Facebook ပေါ်က ဓါတ်ပုံများကို အလွယ်တကူ Save ထားနိုင်တဲ့ Application တင်ပေးလိုက်ပါတယ်။ Facebook က ဓါတ်ပုံများကို Android ဖုန်းမှတစ်ဆင့် Save ထားနိုင်မယ့် Application ပေါင်းများစွာကို Google Play တွင် Free ရပေမယ့် အသုံးပြုရမလွယ်ကူခြင်း လွယ်ကူသော်လည်း News Feed မှ ဓါတ်ပုံများအားလုံး Save မလုပ်နိုင်ခြင်း Google Ads များ ပါဝင်နေခြင်းကြောင့် မျက်စိရှုပ်ခြင်းများ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဆင်ပြေစေမယ့် Facebook Photo Save လေးကို တင်ပေးရခြင်းဖြစ်ပါတယ်။ အသုံးပြုပုံကလည်း လွယ်ကူရိုးရှင်းလှပါတယ်။ မိမိ သုံးနေကျဖြစ်သော Facebook App ထဲမှ Save ချင်သော ဓါတ်ပုံကို View လိုက်ပါ။ ပြီးရင် ဖုန်း၏ Menu> More ကို နှိပ်၍ Share ကို ဆက်နှိပ်ပြီး Facebook Photo Save ကို ရွေးလိုက်ပါက Save to phone နှင့် Save to SDCard တွင် မိမိနှစ်သက်သောနေရာမှာ Save ထားနိုင်ပါတယ်။

UPDATED:June 30, 2013
CURRENT VERSION:1.0.3
REQUIRES ANDROID:2.2 and up
CATEGORY:Productivity
SIZE:973kb
PRICE:Free

Download Now
Credit:http://www.mhandroidappstore.blogspot.com/2013/07/facebook-photo-save.html

Facebook Chat ကို စာလုံး ဒီဇိုင်းအလန်းလေးတွေ နဲ့သုံးဖို့ နည်းလမ်း(၃)မျိုး

Facebook Chat ကို စာလုံး ဒီဇိုင်းအလန်းလေးတွေ နဲ့သုံးဖို့ နည်းလမ်း(၃)မျိုး

ကျွန်တော်ဒီနေ့ facebook social site ကို အသုံးပြုနေတဲ့သူတွေ အတွက်
facebook chat ကို Smile Key လေးတွေနဲ့သုံးနည်းလေး ပြောပြပါ့မယ်
 
ကျွန်တော်သိတဲ့ နည်းလမ်း (3) မျိုး ရှိပါတယ်.
(၁) ပထမတစ်မျိုးက facebook chat အတွက် facebook က ပေးထားတဲ့ ကုဒ်လေးတွေ ရှိပါတယ်
      ဥပမာ အားဖြင့် Smile ပုံလေး ပေါ်ချင်တယ်ဆိုရင်တော့ :)  လို့ရိုက်ထည့်ရတာပါ အဲဒါမျိုးလေး
      နဲ့ အခြား ပုံလေးတွေ ပေါ်ဖို့အတွက် ဆိုရင် ကျွန်တော်အောက်ကပြထားတဲ့အတိုင်းလေး
      ရိုက်ထည့်လိုက်ပါ.......... ဘယ်ဘက်က ပုံလေးပေါ်ဖို့အတွက် ညာဘက် က သင်္ကေတ 
      လေး ကို facebook chat ဘောက်လေးမှာ :) လို သင်္ကေတလေး ရိုက်ထည့်ပြီး Enter   
      ခေါက်လိုက်တာနဲ့ ပုံလေးပေါ်လာမှာပါ
 
(၂)   နောက်တစ်မျိုးကတော့ မိတ်ဆွေတို့ ရေးတဲ့စာလုံးကို ဒီဇိုင်းလေးတွေနဲ့ လုပ်ခြင်းပါ
        ကျွန်တော်ပြောတာသိပ်နားမလည်ဘူးထင်တယ်...  လက်တွေ့ပြပါ့မယ် အရင်ဆုံး
         http://smileyti.me/ ဆိုဒ်လေးကိုသွားလိုက်ပါ
         ပြီးရင် အောက်ကပုံအတိုင်း လုပ်လိုက်ပါ (မှတ်ချက်- မြန်မာစာများ မရပါ)
 
ဖောင့်ရွေးရန်ဆိုတဲ့နေရာမှာ ဖောင့်ရွေးဖို့အတွက် သူ့မှာပါတဲ့ ဖောင့်ဒီဇိုင်း 6 ခုလောက်ကိုရွေးတာပါ
ပြီးရင်တော့ အောက်က အကွက်လေးမှာ မိမိပေါ်ချင်တဲ့စာသားပေါ့ ဥမပာ - Good Night တို့ 
Love တို့ပေါ့ အင်္ဂလိပ်စာလုံးသာ လက်ခံပါတယ်  မြန်မာလို မရပါဘူးခင်ဗျာ
အောက်မှာ ပေါ်နေတာကတော့ chat box မှာပေါ်မယ့် ဒီဇိုင်းလေးပါ 
အားလုံးအဆင်ပြေပြီဆိုရင်တော့ အောက်မှာ ကုဒ်တွေပေါ်လာပါမယ် အဲကုဒ်တွေကို
ကော်ပီကူးပြီး မိတ်ဆွေတို့ရဲ့ facebook chat ဘောက်ထဲ ထည့်ပြီး Enter ခေါက်လိုက်တာနဲ့
စာလုံးဒီဇိုင်းလေးတွေ ပေါ်သွားမှာပါ
(၃) ကတော့ ချက်ဘောက်ကနေ ဓါတ်ပုံလေးတွေ ပြတာပါ အဲလိုလုပ်ဖို့အတွက် 
      http://smileychatcodes.com/facebook-smiley-chat-codes/ လင့်လေးကိုသွားလိုက်ပါ
      ပြီးရင် အောက်ကပုံလေးအတိုင်း browse ကိုနှိပ်ပြီး မိမိ ပြချင်တဲ့ပုံလေးကို ရွေးလိုက်ပါ
      ရွေးပြီးရင်တော့ Open လုပ်လိုက် ပါ.. ပြီးရင် upload Now ဆိုတာကိုနှိပ်လိုက်ပါ
 
ခဏစောင့်လိုက်ပါ သူပုံကို upload လုပ်နေပါမယ် လုပ်ပြီးရင်တော့ အောက်ကပုံအတိုင်း
ကုဒ်တွေပေါ်လာပါလိမ့်မယ်   အဲကုဒ်တွေအားလုံးကို ကော်ပီကူးပီ်း facebook chat box 
ထဲထည့်ပေးလိုက်ပြီး Enter ဆိုရင် ပုံလေးပေါ်သွားမှာပါ
 
အောက်ကပုံလေးအတိုင်းပေါ့ (ကျွန်တော့်ပုံလေးနဲ့ ဥပမာ ပြထားတာ ဟဲဟဲ)
 
ဒီနည်းလေးကို သိတဲ့သူများလည်း သိကြမှာပါ သို့သော် ကျွန်တော်ရေးချင်ပေမယ့်
အချိန်တွေ မအားလို့ပါ အခုတော့ ကျွန်တော်ကျောင်းမှာ Practicle လုပ်ရမယ့်အချိန်လေးရောက်လာတော့
ကိုယ်ပိုင် နည်းပညာပို့စ်လေးတွေ တင်ပေးမယ်ဆိုပြီး စိတ်ကူးမိလို့ တင်ပေးလိုက်တာပါ...
အားလုံးအဆင်ပြေပါစေခင်ဗျာ..

Facebook Timeline Cover ကို လှတဲ့ ပုံလေးတွေနဲ့အလှဆင်ရအောင်နော်

Facebook Timeline Cover ကို လှတဲ့ ပုံလေးတွေနဲ့အလှဆင်ရအောင်နော်

သူငယ်ချင်းတို့ရဲ့ Facebook   ရဲ့ Timeline Cover ကိုပုံစံအမျိုးမျိုးအလှဆင်ကြည့်နော်
ထက်ထက်ကတော့ အသဲပုံလေးနဲ့အလှဆင်ထားတယ် သဘောကျတယ်ဆိုရင်
အောက်မှာယူသွားလိုက်နော်

ဒီနေရာကို သွားကြည့်လိုက်ရအောင်

ဒီလင့်လေးကိုဖွင့်ကြည့်လိုက်ပါ ဘယ်ဘက်ခြမ်းမှာ ကြိုက်တာရွေးဖို့အတွက်ပုံလေးအများကြီးကိုတွေ့ရပါလိမ့်
မယ်

http://api.ning.com/files/ilVMsccbLXW6cewlk3K*KQvMAaDupM-mMAxhNz6RyFn*CG1vLzkEL1WVnYDxYMo4E3-Ib6rATc5-juo-vWI9c63iUQky8Lxg/1.png
ကိုယ်ကြိုက်တဲ့ပုံလေးကိုရွေးတဲ့အချိန်မှာ Right Click နှိပ်လို့မရပါဘူးနော် ဒီအတိုင်း Left Click နဲ့ပဲနှိပ်လိုက်ပါ ပြီးရင်ကိုယ်ကြိုက်တဲ့ပုံကိုရွေးပြီးရင် ကိုယ်ရွေးလိုက်တဲ့ပုံရဲ့အောက်မှာ Download
လေးကိုနှိပ်လိုက်ပါ


http://api.ning.com/files/49URHKYTBjepq3bGzuYaR0Ple-OIp4dzI**yLGbSAmPE-F6*mANA2hWfr5udzLYZDbLOo7h4n6TxcQoJ2BXcM4igmdW6*5Xq/3.png
ဒါဆိုရင် ကြိုက်တဲ့နေရာမှာသိမ်းလို့ရပါပြီ
ပြီးရင် ကိုယ်ရဲ့ Facebook ကိုဖွင့်လိုက်ပါ Facebook Timeline ကိုမောက်စ်လေးတင်လိုက်တာနဲ့
Change Cover လေးပေါ်လာပါလိမ့်မယ် Change Cover ထဲကမှ Upload photo ကိုနှိပ်ပြီး
စောစောကသိမ်းထားတဲ့ပုံလေးကို ရွေးလိုက်ပါ

 

http://api.ning.com/files/ZKF4sIS79UnWN6Fn3Mf*I4LFWVfqRa8FNtChGExj9ce8-mmJHa5ZriYHEAxy28y1NLR4b6ZA0VG055tyLi5jMczDmyV33Y8H/4.png
အားလုံးပြီးရင် Save Change ကိုနှိပ်လိုက်ပါ ဒါဆိုရင် အရမ်းလှတဲ့ Facebook Timeline Cover လေး
နဲ့လှသွားပြီပေါ့

သူငယ်ချင်းတို့အားလုံသဘောကျမယ်လို့ထင်ပါတယ် မိမိရဲ့ Facebook Timeline Cover အတွက်
တကူးတက ရှာနေစရာမလိုတော့ဘူးပေါ့

APK တွေကို အလွယ်တကူ Uninstall လုပ်ကြမယ်

APK တွေကို အလွယ်တကူ Uninstall လုပ်ကြမယ်


 
APK တွေကို uninstall လုပ်ဖို့က ပုံမှန်လည်း လွယ်ကူပါတယ်
ဒါပေမယ့် ဒီကောင်လေးက ပိုလွယ်တယ် Batch uninstall လုပ်လို့ရပါတယ်
ဆိုလိုတာက ကိုမလိုချင်တာတွေကို စလက်ပေးပြီး တစ်ခါတည်း
uninstall လုပ်နိုင်ပါတယ် Uninstall ကို အလွယ်တကူ
မလုပ်တတ်သူတွေအတွက် အတော်လေးအဆင်ပြေပါတယ်
ဖိုင်ဆိုဒ်ကလည်း 1.1MB ထဲပါ လိုချင်သူများဒေါင်းနိုင်ပါပီ
အသစ်ထွက်တဲ့ version 2.1.2 ပါ
Easy Uninstaller 2 1 Easy Uninstaller 2 2 Easy Uninstaller 2 3 Easy Uninstaller 2 4 Easy Uninstaller 2 5