kakanaingmin

kakanaingmin

Thursday, June 13, 2013

ကလေးလုပ်သားများကို အနှိပ်စက်ဆုံး နိုင်ငံ စာရင်းတွင် မြန်မာဦးဆောင်
---------------------------------------------

ကလေးအလုပ်သမားများကို အနိုင်အထက်ပြုကျင့်မှုအဆိုးရွား ဆုံးနိုင်ငံစာရင်း၌ မြန်မာနိုင်ငံက ထိပ်ဆုံးစာရင်းမှ ရပ်တည်နေဆဲ ဖြစ်ကြောင်း နိုင်ငံတကာအလုပ်သ မားအဖွဲ့အစည်း (ILO)၏ သုတေသနစာရင်းတွင်ဖော်ပြသည်။

ကလေးလုပ်သားများကို အနိုင်အထက်ပြုမှုအဆိုးရွားဆုံး နိုင်ငံများဖြစ်သော မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ ကွန်ဂို၊ ဇင်ဘာဘွေ၊ အာဖဂန်နစ္စတန်၊ ဘရွန် ဒီ၊ ပါကစ္စတန်နှင့် အီသီယိုပီးယားနိုင်ငံတို့၏ ထိပ်တွင် မြန်မာ နိုင်ငံက ရပ်တည်နေခြင်းဖြစ်သည်။

သမိုင်းတစ်လျှောက် ယခုအချိန်သည် မြန်မာနိုင်ငံရှိ ကလေးလုပ်သားများအတွက် စွန်စားရမှုနှင့် အန္တရာယ်
ရှိမှုတို့မှ ကာကွယ်ပေးရန် အဓိကျသော ကာလဖြစ်နေကြောင်း ယူနီဆက်ဖ်က ပြောကြားလိုက်ပြီး နိုင်ငံ တကာအကူအညီများကိုလည်း ဖိတ်ခေါ်လိုက်သည်။

စစ်အစိုးရအုပ်စိုးစဉ် နှစ်ပေါင်းများစွာအတွင်း ကလေးလုပ်သားအရေးကိစ္စဆွေးနွေးမှုသည် တင်းကျပ်သော ပိတ်ပင်မှုတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံရှိ ကလေးလုပ်သားများသည် အန္တရာယ်ရှိသော လုပ်ငန်းခွင်နှင့် အလုပ်ချိန်ကြာမြင့် သောလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရပြီး အပန်းဖြေအနားယူရန်နှင့် ဆော့ကစားရန် အခွင့်အလမ်းများနည်းပါးနေကြောင်း ယူနီဆက်ဖ်သုံး သပ်သည်။ မိသားစုဆင်းရဲနွမ်းပါး၍ လုပ် ငန်းခွင်ဝင်ရောက်နေရသော ကလေးငယ်များ၏ အဓိကချို့ယွင်းချက်မှာ ကျောင်းပညာသင်ယူမှုအခွင့်အလမ်းဆုံးရှုံးနေရခြင်းဖြစ် ပြီး အခြေခံပညာမူလတန်းအဆင့်၌ ကျောင်းများကို စွန့်ခွာနေသော မြန်မာကျောင်းသားဦးရေသည် နှစ်စဉ် ငါးသိန်းကျော်ရှိနေသည်။

“၁၈ နှစ်အောက်ကလေးတွေ အလုပ်မလုပ်ရဘူး။ ကျောင်းမှာ စာသင်နေရမယ်ဆိုတဲ့ သတ်မှတ်ချက်က ဆင်းရဲတဲ့ နိုင်ငံတွေမှာ ယုတ္တမတန်ဘူး။ကျေးရွာတွေကယာထဲမှာ လယ်လုပ်နေတဲ့ ကလေးတွေ မြို့ပေါ်က စားသောက်ဆိုင်မှာ စားပွဲ ထိုးနေတဲ့ ကလေးတွေ၊ လိုင်းကားတွေမှာ စပယ်ယာလိုက်နေတဲ့ ကလေးတွေရှိနေပါတယ်” ဟု ဒေါက် တာအောင်ထွန်းသက်က ဆိုသည်။မိသားစုဖူလုံဖို့လုပ်နေကြရတာဖြစ်တဲ့အတွက် ကလေးတွေအလုပ်လုပ်
တာ ပြဿနာမဟုတ်ဘူး။ တကယ်တမ်း အလုပ်လုပ်တဲ့အတွက် စာသင်ခွင့်မရတာ ပြဿနာဖြစ်နေတယ်။ ပညာရေးစနစ်အရ ကလေးတွေက ကျောင်းကိုသွားနေရတယ်။ လုပ်ငန်းခွင်ထဲက ကလေးတွေအတွက် ကျောင်းတွေက ကလေးတွေရှိတဲ့နေကို သွားရပါမယ်”ဟု ၎င်းကဆက်လက်ပြောသည်။

လုပ်ငန်းခွင် ဆောလျင်စွာ ၀င်ရောက်လုပ်ကိုင်နေရသော ကလေးများအတွက် ပညာသင်ယူခွင့်မှာ အဓိကလိုအပ်ချက်တစ်ခုဖြစ်နေပြီးလုပ်ငန်းခွင်မှ ကလေးများ စာသင် ကြားခွင့်ရရှိရန် အလေးပေးဆောင် ရွက်ရမည်ဖြစ်ကြောင်း ၎င်းကအကြံ ပြုသည်။


“မသင်မနေရ ပညာရေးဥပဒေသတ်မှတ်ပြဋ္ဌာန်းနိုင်ခြင်းမရှိသေးတဲ့အတွက် ကလေးတွေ အလုပ်လုပ်ခိုင်းတာ အရေးယူလို့မရတာ တွေရှိနေတယ်။ မိဘဆင်းရဲတဲ့ အတွက် ကလေးကို အလုပ်လုပ်ခိုင်းရတာဖြစ်လို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အသက်အရွယ်ကြီးရင့်လာတဲ့ အဘိုးအဘွားတွေကို ကလေးတွေက ရှာဖွေကျွေးမွေးစောင့်ရှောက်နေရတဲ့အတွက် လူမှုဖူလုံရေးအစီအစဉ်တွေဖြစ်လိုဖို့လည်း လိုအပ်နေပါတယ်။ မြန်မာနိုင်ငံ ပညာရေးစနစ်ပြု ပြင်ပြောင်းလဲရေး နိုင်ငံရေးဆိုင် ရာ ညီလာခံမှာတော့ အလယ်တန်းအ ထိ မသင်မနေရ ပညာရေး ဆောင် ရွက်သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်”ဟု နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ယက်မှ ဒေါ်တာသိန်းလွင်က ပြောသည်။ မြန်မာနိုင်ငံရှိ ကလေးလုပ်သားများသည် ပညာသင်ယူရန် အခွင့်အလမ်းများ ဆုံးရှုံးနေသလို ကျန်းမာရေးထိ ခိုက်နိုင်သော လုပ်ငန်းခွင်နှင့် အသက်အန္တရာယ်ရှိစေသော လုပ်ငန်းခွင်တို့တွင် လုပ်ကိုင်နေရခြင်းများရှိနေပြီး လုပ်ခလစာနှင့် အလုပ်ချိန်သတ်မှတ်ချက်များလည်းလိုအပ်နေသည်။

“ကလေးတွေကို အလုပ်လုပ် ခွင့်မပေးတော့ လုပ်ခလစာ သတ်မှတ်ခွင့်လည်းမရှိတော့ဘူး။ ကလေးတွေကို ကျန်းမာရေးထိခိုက်စေတဲ့ လုပ်ငန်းခွင်တွေ၊ အသက် အန္တရာယ်ဖြစ်စေမယ့် လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်စေတာကတော့ မတရားပါဘူး”ဟု ဒေါက်တာအောင်ထွန်းသက်ကသုံးသပ်ပြောသည်။
အခမဲ့သင်တန်းလေးပါ ..
 
ဇွန်လ (၁၇)ရက် မှ သြဂုတ်လ အထိ မီဒီယာဆိုင်ရာ အခမဲ့ သင်တန်းများကို ဟောင်ကောင်တက္ကသိုလ်မှ ဆရာ၊ ဆရာမများကိုယ်တိုင် လာရောက် ပို့ချပေးမည် ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

သင်တန်းပြီးဆုံးပါက ဟောင်ကောင်တက္ကသိုလ်မှ သင်တန်းဆင်းလက်မှတ် ဂုဏ်ပြုချီးမြှင့်သွားမှာ ဖြစ်ပြီး လူငယ်များကို ဦးစားပေး လက်ခံသွားမှာ ဖြစ်ပါတယ်။

မီဒီယာစိတ်ဝင်စားကြသည့် ကျောင်းသူ၊ ကျောင်းသားများအတွက်ပါ အဆင်ပြေစေဖို့ ကျောင်းလွှတ်ချိန်အပြီး ညနေ (၅း၀၀) မှ ညနေ (၇း၃၀) အထိ သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်။

သင်တန်းအပြန် လုံခြုံရေးအတွက် စိတ်မပူရလေအောင် အထူးအစီအစဉ် အဖြစ် ကား အကြို၊ အပို့ ဖြင့် အိမ်အရောက် ပြန်လည်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

လူဦးရေ အကန့်အသတ်ရှိတဲ့အတွက် ဂုဏ်ယူဖွယ်ရာ အခွင့်အရေးကို ၁၆ ရက်နေ့ နောက်ဆုံးထား၍ အမြန်ဆုံး ဆက်သွယ်ရယူနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

နေရာ ။ ။ ခေတ်လူများ၏မှတ်စု ဂျာနယ်ရုံး

၁/၅၀၊ ဘတ်ခွန်းလမ်း၊ မက်ခိုကုန်တိုက် အနီး။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့။

အချိန် ။ ။ ညနေ (၅း၀၀ - ၇း၃၀)

နေ့ရက် ။ ။ တနင်္လာနေ့ - သောကြာနေ့အထိ

ဆက်သွယ်ရန် လိပ်စာ ။ ။

Email : yg.note.journal@gmail.com

Phone : 0921083821, 0816048843
ကလေးမြို့ သီတဂူဆေးရုံ မျက်စိ ခွဲစိတ်ကုသမည်
.....................................................

သီတဂူဆရာတော်ကြီး တည်ထောင်ထားသော စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ သီတဂူ စက္ခုဒါန ဆေးရုံတော်ကြီးတွင် အဋ္ဌမ အကြိမ်အဖြစ် ဇွန်လ ၁၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ မျက်စိ ဝေဒနာရှင်များကို အခမဲ့ ခွဲစိတ်ကုသပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ဆေးရုံ စောင့်ရှောက်ရေး အဖွဲ့ အတွင်းရေးမှူး ဦးမြင့်လွင်က ပြောကြားသည်။

“အခုကလေးမြို့ ဆေးရုံကြီးမှာ မျက်စိဆရာဝန်မရှိတာ ခြောက်လလောက် ရှိနေပြီ။ ဒါကြောင့် ဒီတစ်ခေါက် လူနာပိုများ လာတယ်”ဟု ၄င်းကဆိုသည်။

ယခုအကြိမ်တွင် မျက်စိဝေဒနာရှင် နှစ်ထောင်နှင့်အထက်ကို လက်ခံကုသ သွားမည် ဖြစ်ပြီး ဒေါက်တာဦးခင်မောင်ဇော် နှင့်အဖွဲ့က လာရောက် စမ်းသပ်ကုသပေးမည် ဖြစ်ကာ သီတဂူ ဆရာတော်ကြီးက လူနာများကို လာရောက်ကြည့်ရှု အားပေးမည် ဖြစ်ကြောင်း ၄င်းကဆက်လက်
ပြောကြားသည်။

ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော အဆိုပါ
ဆေးရုံတွင် လေးနှစ်တာ ကာလအတွင်း မျက်စိဝေဒနာကို ခုနစ်ကြိမ်ခန့် ခွဲစိတ်ကုသ ပေးနိုင်ခဲ့ပြီး စမ်းသပ်ပြီး လူနာ ၄၉၁၆ ဦးနှင့် ခွဲစိတ်ပြီး လူနာ ၁၂၆၃ ဦးရှိကြောင်း၊ ကလေး၊ တမူး၊ ကလေးဝ၊ မင်းကင်း၊ မော်လိုက်၊
ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး စသောမြို့များအပြင် ချင်းပြည်နယ် အတွင်းရှိ မြို့များနှင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော စသောဒေသများမှ လူနာများပါလာရောက် ကုသမှု ခံယူကြကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဦးနှောက်နှင့် အာရုံကြောခွဲစိတ်/ ကုသ ဆရာဝန်၊ မှုခင်းဆရာဝန်၊ မျက်စိအထူးကု ဆရာဝန်တို့ လစ်လပ်မှု ရှိနေကြောင်း ဇွန်လ ၁ဝ ရက်နေ့က ပြုလုပ်ခဲ့သော လွှတ်တော် ကိုယ်စားလှယ်များနှင့် ခရိုင်ပြည်သူ့ဆေးရုံအုပ် တွေ့ဆုံပွဲတွင် ဆေးရုံအုပ်
ဒေါက်တာညွှန့်သန်းက ပြောကြားသည်။
မလေးရှားမှ ပထမဆုံး ပြန်ရောက်လာသော အလုပ်သမားနှစ်ဦးနှင့် တွေ့ဆုံခြင်း

မလေးရှားနိုင်ငံတွင် အကြမ်းဖက်ခံ ရမှုကြောင့် မြန်မာအလုပ်သမားအချို့ ပြန်လာရန် စိုင်းပြင်းလျက် ရှိနေချိန် ဇွန်လ ၁၂ ရက်နေ့က မြန်မာနိုင်ငံသို့ ပထမဆုံး ပြန်လည်ရောက်ရှိလာသော အလုပ်သမား နှစ်ဦးနှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ဆုံ မေးမြန်းထား ပါသည်။ ၄င်းတို့ အလုပ်ရှင်၏ စီစဉ်ပေးမှုဖြင့် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ပြီး ကာယကံရှင်များ ဆန္ဒအရ အမည်နာမ ဖော်ပြနိုင်ခြင်း မရှိပါ။

kaka : မလေးရှားနိုင်ငံ ဘယ်ဒေသတွေမှာ အလုပ် လုပ်ခဲ့ကြတာလဲ။

လုပ်သား(၁) : ကျွန်တော်ကတော့ လာဝပ်မှာ နေတာပါ။ အခုလက်ရှိ အကြမ်းဖက်မှုတွေဖြစ် နေတဲ့ ကွာလာလမ်ပူနဲ့ သိပ်မဝေးပါဘူး။

လုပ်သား(၂) : ကျွန်တော်ကတော့ မလက်ကာမှာ နေခဲ့တာ။ မလေးရှားမှာ အလုပ်လုပ်တာ ကတော့ ၂ နှစ်ရှိပြီ။

kaka: မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အခုလက်ရှိ ကြုံတွေ့နေရတဲ့ ဒုက္ခ အခက်အခဲတွေကို ပြောပြပေးပါဦး။

လုပ်သား(၁) : ကျွန်တော်တို့နေတဲ့ အနီးတစ်ဝိုက်မှာတော့ ဆူပူမှုတွေ သိပ်မရှိပါဘူး။ ဒါပေမဲ့ လုံခြုံရေးကိုတော့ သိပ် စိတ်မချရဘူး။ ညဘက်ကျ ကျွန်တော်တို့ မြန်မာလုပ်သားတွေ အလှည့်ကျ ကင်းစောင့်ပြီး အိပ်ရတယ်။ အခု အကြမ်းဖက်မှုတွေ ဖြစ်နေတဲ့ ကွာလာလမ်ပူ အနီးတစ်ဝိုက်က မြန်မာ တွေဆိုရင် ညဘက် တံခါးသုံးထပ် ပိတ်ထားရတယ်။ တချို့နေရာတွေမှာ ညဘက်ဆိုရင် တံခါးလာ ခေါက်တယ်။ ဖွင့်မပေးရင် စပရေး ဖျန်းပြီးတော့ တံခါး မဖွင့်ဖွင့်အောင် လုပ်ကြတယ်။ အငွေ့နံ့ မခံနိုင် လို့ အပြင်ထွက်လာ ပြန်ရင်လည်း ဝိုင်းရိုက်ကြတယ်။ ပစ္စည်းလည်း လုကြတာမျိုးတွေ ရှိတယ်။

လုပ်သား(၂) : လုံခြုံရေးကိုတော့ အတတ်နိုင်ဆုံး သတိထားနေရတယ်။ ကျွန်တော်တို့နေတဲ့ ဘက်မှာ မဖြစ်ပေမယ့် သူငယ်ချင်းတွေဆီက အကြမ်းဖက်မှု သတင်းတွေကိုတော့ နေ့တိုင်း ကြားနေရတယ်။ တစ်လောကဆိုရင် အသတ်ခံရတဲ့သူက မလေးရှားရောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်။ ကောလာဟလတွေ ရှိသလို၊ တကယ် ဖြစ်နေတာတွေလည်း ရှိတယ်။ နေ့လယ်ဘက်တောင် အပြင် မထွက်ရဲကြဘူး။

kaka : မလေးရှားကနေ ပြန်လာမယ့်သူ ဘယ်လောက်ထိ ရှိလဲ။

လုပ်သား(၁) : ပြန်လာဖို့ကတော့ အများကြီးပဲ။ Overstay (ရက်လွန် နေထိုင်သူ) သမားတွေ ကတော့ ပြန်လာချင်ပေမယ့် အခက်အခဲ ရှိနေကြတယ်။

လုပ်သား(၂): မြန်မာပြည် ပြန်လာချင်တဲ့သူတွေ အများကြီးပါပဲ။ ကျွန်တော့် သူငယ်ချင်း တွေထဲမှာလည်း Overstay နဲ့ အလုပ် လုပ်နေကြသူတွေ အများကြီး။ အခု လက်ရှိ ဟိုမှာကြားတာ ကတော့ Overstay သမားတွေလည်း ပြန်လာလို့ရတယ် ကြားတယ်။ ဒါပေမဲ့ မြန်မာသံရုံးကို ရင်းဂစ် ၁၈၀ နဲ့ မလေးရှား Immigration (လ.၀.က) ကို ရင်းဂစ် ၄၀၀ ဒဏ်ကြေးပေးရင် တရားဝင် ပြန်ခွင့် ရမယ်လို့ ကြားမိတယ်။

Voice : အခုဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေက ကွာလာလမ်ပူ တစ်နေရာတည်းမှာပဲ ဖြစ်နေတာလား။ တခြားဒေသတွေ မှာရော အလားတူ အကြမ်းဖက်မှုတွေ ရှိနေလား။

လုပ်သား(၁) : အကြမ်းဖက်မှုတွေတော့ ရှိတယ်။ ဒါပေမဲ့ ပစ္စည်းလုတာ သက်သက်လောက်ပဲ ကြားမိတယ်။ ကွာလာလမ်ပူမှာတော့ အကြမ်းဖက် လူသတ်မှုတွေထိ ဖြစ်နေတယ်။

လုပ်သား(၂) : ကျွန်တော့်ကိုယ်တွေ့ မဟုတ်ပေမယ့် သူငယ်ချင်းတွေဆီကနေ ကြားရတာ ကတော့ အကြမ်းဖက်မှုတွေ ရှိတယ်လို့တော့ ကြားရတယ်။

Voice : MAI က လေယာဉ် လက်မှတ်ခကို တစ်ဝက်ဈေးနဲ့ ရောင်းချပေးတယ်လို့ သိရတယ်။ ညီလေးတို့ အခု ပြန်လာတဲ့ လေယာဉ် လက်မှတ်ခ ဘယ်လောက်တုံး။

လုပ်သား(၁) : တစ်ဝက်ဈေးနဲ့ မဟုတ်ပါဘူး။ အရင်ဈေး အတိုင်းပါပဲ။ ကျွန်တော်ဆိုရင် ပွဲစားက တစ်ဆင့် လက်မှတ်ဝယ်ရတာ ရင်းဂစ် ၃၀၀ ပေးရတယ်။ မြန်မာပြည်က အကူအညီပေးတဲ့ အဖွဲ့တွေ ရောက်လာပြီး ၅၀ ရာခိုင်နှုန်း လျှော့ပေးမယ် ကြားတယ်။

လုပ်သား(၂) : ကျွန်တော်ကတော့ သူဌေးကပဲ လေယာဉ်လက်မှတ် ဝယ်ပေးလိုက်တာမို့ ဘယ်လောက်ကျလဲ မသိပါဘူး။

kaka: မလေးရှားက ပြန်လာတဲ့ မြန်မာလုပ်သားတွေကို လုပ်ငန်းရှင်တချို့က အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးမယ်လို့ ကြားမိတယ်။ ညီလေးတို့ကော အဲဒီနေရာတွေမှာ ဝင်လုပ်ဖို့ အစီအစဉ် ရှိလား။

လုပ်သား(၁) : တကယ်ဆိုရင်တော့ ကျွန်တော် ဝင်လုပ်ချင်တာပေါ့။

လုပ်သား(၂) : ကျွန်တော်က မကွေးတိုင်း ဆိတ်ဖြူမှာ နေတာဆိုတော့ အခြေအနေပေါ် ကြည့်ရဦးမယ်။
KIO ရဲ့ သဘောထားထုတ်ပြန်ချက်