kakanaingmin

kakanaingmin

Wednesday, June 12, 2013

 
ပဋိပက္ခများကို နိုင်ငံသားများ မှန်ကန်စွာ သုံးသပ် အဖြေရှာနိုင်ရန်အတွက် ''ဗုဒ္ဓ၀ါဒနှင့် အကြမ်းမဖက်မှု'' ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲ ကျင်းပ ======================== ဇွန်လ ၁၁၊ ၂၀၁၃ M-Media သတင်း - သန့်သန့် ဓာတ်ပုံ /
ဆူးထက် ပြည်တွင်း၌ဖြစ်ပွားနေသောပဋိပက္ခများကို နိုင်ငံသားများ မှန်ကန်စွာ သုံးသပ် အဖြေရှာနိုင်ရန်အတွက် ''ဗုဒ္ဓ၀ါဒနှင့် အကြမ်းမဖက်မှု'' ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့သည်။ ''BUDDHISM & NON-VIOLENCE'' ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို နိုင်ငံသားများ မှန်ကန်စွာသုံးသပ်အဖြေရှာနိုင်ရန်အတွက် ဟောပြောဆွေးနွေးပွဲကို ယခုလ ၁၁ရက်နေ့က ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်ခဲ့ရာ ပြည်တွင်းပြည်ပမှ ပညာရှင်များဖြစ်သော ''Igor Blazevic ၊ ဒေါက်တာတင်မောင်သန်း၊ Sulak Sivaraksa'' တို့က ပဋိပက္ခများကိုဖြစ်စေသောအကြောင်းအရာများ၊ ဖန်တီးကြိုးကိုင်မှုများအကြောင်းကို နိုင်ငံတကာမှအဖြစ်အပျက်များနှင့်လည်းကောင်း၊ ဗုဒ္ဓအယူဝါဒဆိုင်ရာနှင့် သမိုင်းအဖြစ်အပျက်များကိုလည်းကောင်း ဟောပြောခဲ့ပြီး တက်ရောက်လာကြသူများမှ ပြန်လည်မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ''ကျွန်တော်တို့တိုင်းပြည် ငြိမ်းချမ်းစေချင်လို့ပဲ။ ကျွန်တော်တို့ အကြမ်းဖက်တဲ့ သူတွေမဖြစ်အောင်လို့ပေါ့။ အကြမ်းဖက်မှုထဲမှာ မပါအောင်လို့ပါ။ ကျွန်တော်တို့ ဘာသာတရားမှာလည်း အဲဒါတွေရှိတာပဲ''ဟု အထက်ပါ ဟောပြောဆွေးနွေးပွဲ ကျင်းပရန် စီစဉ်သူများတွင်ပါဝင်သူတစ်ဦးဖြစ်သော စာရေးဆရာကိုတာက စီစဉ်ဖြစ်ပုံကိုပြောသည်။
***ECOTOURISM***
အဆိုပါဆွေးနွေးပွဲကို အေက်ပါအစီအစဉ်အတိုင်း ဆွေးနွေးကျင်းပမှာဖြစ်ပါ တယ်။
နေ့ရက် - ၁၈ ၊ ၆ ၊ ၂၀၁၃ ( အဂါင်္နေ့)
အချိန် - ညနေ ၃း၀၀ နာရီ မှ ၅း၀၀ ထိ
နေရာ - SAC (Self-Access Center)
အမေရိကန်စင်တာစာကြည့်တိုက်
***မည်သူမဆိုဝင်ရောက်ဆွေးနွေးနိုင်ပါသည်။***