kakanaingmin

kakanaingmin

Friday, June 14, 2013

“ရန်ကုန်တိုင်း၊ မှော်ဘီမြို့၊ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်၌ ကျင်းပပြုလုပ်အပ်သော ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲကြီး ကြေညာချက်”
******************************
**************************
၁။ ဗုဒ္ဓဘာသာသည် ကမ္ဘာ့အကောင်းဆုံး ဘာသာအဖြစ် နိုင်ငံတကာအသိအမှတ်ပြု ခံထားရသည့် အားလျော်စွာ ဗုဒ္ဓဘာသာခေါင်းဆောင်များနှင့် ဗုဒ္ဓဘာသာဝင်တို့သည်လည်း မည်သည့်ပဋိပက္ခမျိုးမှ မဖြစ်စေလိုဘဲ ငြိမ်းအေးစွာ နေထိုင်လိုသူများဖြစ်သည်။
၂။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်ရေးမူကို အားပေးထောက်ခံသည်။
၃။ ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာရဟန်းတော်များ၏ ဂုဏ်သိက္ခာကို မှေးမှိန်ငြှိုးနွမ်းအောင် မှားယွင်းစွာ စွပ်စွဲရေးသားသည့် လုပ်ရပ်မှန်သမျှကို ကန့်ကွက်သည်။
၎။ ယခုလက်ရှိ ဖြစ်ပေါ်နေသော ပြည်တွင်း ပြည်ပ ပဋိပက္ခအခြေအနေများနှင့် ပတ်သက်၍ -
(က) ဝမ်းနည်းကြောင်း မှတ်တမ်းတင်သည်။
(ခ) ပဋိပက္ခကြောင့် ဒုက္ခရောက်နေကြသည့် နိုင်ငံသားအားလုံးကို ကူညီထောက်ပံ့နေကြသော နိုင်ငံတော်အစိုးရနှင့် အဖွဲ့အစည်းအသီးသီး လူပုဂ္ဂိုလ်အသီးသီးတို့အား ကျေးဇူးတင် ဝမ်းမြောက်ကြောင်း မှတ်တမ်းတင်သည်။
(ဂ) ကူညီလိုသော ပုဂ္ဂိုလ်များ၏ ထောက်ပံ့ကူညီမှုကို လက်ခံဆောင်ရွက်ရန် မှော်ဘီဓမ္မဒူတ ဆရာတော်အား တာဝန်ပေးအပ်သည်။
၅။ ကြွရောက်လာကြသော သံဃာတော်အရှင်မြတ် (၂၂၇)ပါးတို့က သြဝါဒခံယူပွဲနှင့်ပတ်သက်၍ အသေးစိတ် ညှိနှိုင်းတိုင်ပင် ဆွေးနွေးနိုင်ဖို့အတွက် အစုအဖွဲ့ ကဏ္ဍ (၇)ခု ခွဲ၍ ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းကဏ္ဍ (၇)ခုမှာ
(က) ပဋိပက္ခကို ဗုဒ္ဓနည်းကျ ဖြေရှင်းရေးကဏ္ဍ၊
(ခ) ငြိမ်းချမ်းစွာ နေထိုင်ရေးအတွက် ဥပဒေဆိုင်ရာကဏ္ဍ၊
(ဂ) နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာနေနိုင်ရေးကဏ္ဍ၊
(ဃ) ငြိမ်းချမ်းရေးကို ဦးတည်သော ပညာရပ် လေ့လာရေးကဏ္ဍ၊
(င) သတင်းနှင့် ပြန်ကြားရေးကဏ္ဍ၊
(စ) အဖွဲ့အစည်း အဆင့်ဆင့် စေ့စပ်ညှိနှိုင်းရေးကဏ္ဍ၊
(ဆ) ငြိမ်းချမ်းရေးကို ဦးတည်သော အသိပေး စည်းရုံးရေးကဏ္ဍ- တို့ဖြစ်ပါသည်။

ဘဒ္ဒန္တဒေါက်တာဓမ္မပိယ
တာဝန်ခံဆရာတော်
ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူ အကြိုညှိနှိုင်းဆွေးနွေးပွဲကြီး
၁၃၇၅ ခု၊ နယုန်လဆန်း (၆)ရက်၊ (၁၄-၆-၂၀၁၃)
RFA. ၊ သစ်ထူးလွင် ၊ ဦးသိန်းညွှန့် (သင်္ဃန်းကျွန်းမြို့နယ် လွတ်တော်ကိုယ်စားလှယ်အမတ်)နှင့် မြန်မာတစ်နိုင်ငံလုံးမှ သတင်းမီဒီယာများ၊ အမှန်တရားလိုလားသည့် ပြည်သူများသို့ ......
ရန်ကင်းနေအိမ် ( ၁၀၀ ) ကျော်ကို စစ်တပ်ကအတင်းအကြပ်ဝင်သိမ်းသည့်နေရာနှင့်နဲ့ပတ်သက်၍..... မူလအကြောင်းရင်း အမှန်ကိုဖြန့်ဝေခြင်း.....

RFA နဲ့ Thithtoolwin ကဖော်ပြထားတဲံဒီသတင်းနဲ့ပတ်သက်ပီး အမှန်တကယ် အဖြစ်ပျက်ကို အခြေခြေမြစ်မြစ်သိလိုသူများနှင့် တစ်နိုင်ငံလုံးမှ ပြည်သူများသို့.......


ဒီသတင်းနဲ့ပတ်သက်ပီး အခိုင်အမာ မသိသူတွေကတော့ စစ်တပ်နဲ့ အစိုးရကိုပဲ အပြစ်ပြောကြမှာပါ...ဦးသိန်းညွန့်ကလည်း လူသိများတဲ့ လွတ်တော်အမတ်တစ်ဦးဖြစ်နေတော့ သူဟာအနစ်နာခံ ပြည်သူတွေဘက်ကလိုက်တာပဲလို့ ထင်ကြမှာပါ....အမှန်တကယ်က ဒီနေရာတွေဟာ စစ်အစိုးရလက်ထက်က မတရား သိမ်းဆည်းပီး အငှားချထားတဲ့ နေရာတွေပါ. ဆိုင်ရာပိုင်ရာတွေကို အငှားချပီး လုပ်စားလာတာ နှစ် ၂၀ ကြာပါပီ...အခုအတင်းအကြပ်ဝင်သိမ်းခံရတဲ့သူတွေဟာ မူလပိုင်ရှင်တွေမဟုတ်ပါဘူး...မူလကမတရားသိမ်းဆည်းခံထားရတဲ့ မိကျောင်းကန် အပိုင်း ၁. ၂. ၃ ပြည်သူ ( ၁၀၀၀ ) ကျော် ဆန္ဒပြတောင်းဆိုခဲ့တာ ၃ ကြိမ်ရှိပါပီ..ဦးဆောင်ခဲ့တဲ့..ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်နဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်လို့ လတ်တလော ထောင်ဒဏ်ကျခံနေရတဲ့ ဦးစိန်သန်းနဲ့ (အခြား အမည်မသိ) တစ်ဦး အမှတ် (၅၆ ) ရပ်ကွက်၊ ဒဂုံတောင်ပိုင်းသားများအကြောင်းကို စုံစမ်းပီး သတင်းထုတ်လွှင့်ရင် ပိုတိကျပါလိမ့်မယ်.. ဒီအခြေနေတွေကို သတင်းပြည့်စုံအောင် စုံစမ်းပီး မထုတ်လွှင့်တဲ့ အာရက်ဖ်အေ နဲ့ ...တကယ့်မူလပိုင်ရှင်တွေဖြစ်တဲ့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ မိကျောင်းကန် ပြည်သူတွေအကျိုးတော့ကို လျစ်လျူရှုပီး ငါ့ကို မဲပေးခဲ့သူ..မဲပေးမဲ့သူတွေဆိုပီး ဘက်လိုက်တဲ့ လွှတ်တော်ကိုယ်စာလှယ်ကြီးကို မေးခွန်းမေးချင်ပါတယ်..အမှန်တကယ် နစ်နာခဲ့တာ အခု ဖယ်ရှာခံရတဲ့ လူ (၁၀၀ ) ကျော်ပဲလား...မူလ ဘိုးဘွားပိုင် မိကျောင်းကန် အပိုင်း ၁.၂.၃. မိသားစုတစ်ထောင်ကျော်..ခန့်မှန်းလူဦးရေ...( ၅၀၀၀ ) ကျော်မပါဘူးလား..အဖြေပေးပါခင်များ.၊ ယခုထောင်ကျခံ ဦးစိန်သန်းရဲ့ ပြောစကားအရ ဒီကိစ္စကို ဆန္ဒပြတောင်ဆိုဖို့ တင်ပြစဉ်က ကိုယ်စားလှယ်တော်ကြီး ဦးသိန်းညွန့်ကိုယ်တိုင် သဘောမတူယုံတင်မက ဆက်လုပ်ရင် အရေးယူခံရမယ်လို့ ပြောခဲ့တာ မှတ်မိပါသေးလား...မူလပိုင်ရှင်တွေအရေးကို လွတ်တော်မရောက်အောင် နှုတ်ပိတ်နေခဲ့တာ သတိရပါသေးလားခင်များ....ဘုန်းကြီးတို့ အဲဒီသိမ်းဆည်းခံနေရာကို လာရောက်စဉ်က ဦးစိန်သန်းကို ဖုန်းဆက်ပီး ခေါ်တာ မှတ်မိပါသေးလား၊ သတင်းမသိဘဲ ရမ်းပီး ဝေဘန်နေတာဟုတ်မဟုတ်...သိလိုရင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်..ဒီလို နစ်နာခံခဲ့ရတဲ့ အသိမ်းခံ မူလပိုင်ရှင်တွေထဲမှာ ဘုန်းကြီးကျောင်း ( ၉ )ကျောင်း ပါပါတယ်..အဲဒီအထဲမှာ အခုဒီသတင်းထပ်ဆင့်ရေးသားတဲ့....မိကျောင်းကန်အပိုင်း ၁ က..ရတနာဃရစိန်ပန်းကျောင်းအ၀င်ဖြစ်ပါတယ်ခင်များ....သိမ်းဆည်းခံရစဉ်က တရားဝင်သိမ်တော်ပါ အတင်းအဓမ္မအဖျက်ဆီးခံထားရပါတယ်.( ယခုထိသိမ်မနှုတ်သေး) ..ကျောင်းအဖျက်ဆီးခံထားရပါတယ်...ဘုရားနဲ့ဗောဓိပင် ယခုလက်ရှိကျန်နေပါသေးတယ်...အဲဒီနေရာက စိန်ပန်းကျောင်းဟာ ယခု အမှတ် ( ၅၆ ) ရပ်ကွက်..ဒဂုံမြို့သစ်တောင်ပိုင်းက စိန်ပန်းကျောင်းပါ....ဦးဇင်းက အခုစိန်ပန်းကျောင်းက လက်ရှိ ကျောင်းထိုင်ဘုန်းကြီးပါ.. အသေးစိပ်သိလိုသူများ ၊ သတင်းမီဒီယာများ..ဆက်သွယ်မေးမြန်းနိုင်ပါတယ်..

ဦးကုမုဒ ၊
ပဓာနနာယကဆရာတော်
စိန်ပန်းကျောင်းတိုက်
ပုဂံလမ်း၊ အမှတ် ( ၅၆ ) ရပ်ကွက်..
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ
ဖုန်း ၀၉ ၅၀၂၈၉၂၀၊
စတုတ္ထအကြိမ်နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေး NDF ပါတီ ကျင်းပ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ စတုတ္ထအကြိမ် နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီ အစည်းအဝေးကို ၁၄-၄-၂၀၁၃ ရက်နေ့ နံနက်၉း၃၀နာရီက ဗိုလ်တထောင်မြိုနယ်၊ ဗိုလ်ကလေးဈေးလမ်းရှိ YWCA ခန်းမတွင် ပထမနေ့အဖြစ် ကျင်းပပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးသို့ NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၊ ဒု-ခေါင်းဆောင် ဦးတိုးပို၊ ပါတီဥက္ကဌ ဥိးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုအလုပ်ကော်မတီဝင်များ၊ ပြည်နယ်နှင့်တိုင်း များမှ ဗဟိုဦးစီးကော်မတီဝင်များနှင့် လေ့လာသူများ၊ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှ ပါတီဥက္ကဌနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသော နိုင်ငံရေးပါတီများနှင့် အထူးဧည်သည်တော်များ ၊ သတင်းထောက်များ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် သဘာပတိ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ အခမ်းအနားမှူးအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်တို့ကဆောင်ရွက်သည်။ သဘာပတိ ဦးခင်မောင်ဆွေက အဖွင့်အမှာစကားပြောကြားခဲ့သည်။ (ပါတီဥက္ကဌ၏အဖွင့်မိန့်ခွန်းကို သီးခြားဖော်ပြထားသည်)၊ ထို့နောက် ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းမှ နှုတ်ဆက်အမှာစကားပြောကြားခဲ့သည်။ တက်ရောက်လာသော မိတ်ဆွေပါတီများမှ သ၀ဏ်လွှာများကို ဖတ်ကြားရာတွင် ဒ်ီမိုကရက်တစ်ပါတီ(မြန်မာ)၏ သ၀ဏ်လွှာကို ပါတီအထွေထွေအတွင်းရေးမှုးချုပ် ဒေါ်သန်းသန်းနုမှလည်းကောင်း၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၏သ၀ဏ်လွှာကို ပါတီအတွင်းရေးမှူ ဥိးမျိုးညွှန့်မှလည်းကောင်း ဖတ်ကြားခဲ့သည်။ ထို့နောက် မြန်မာငြိမ်းချမ်းရေးစင်တာမှ ဒေါက်တာ ဆလိုင်းမွန်ကျုံးလျှန် မှ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြာ ပြီး အစည်းအဝေးကို ခေတ္တရပ်နားကာ ဧည့်ပရိသတ်အား ကော်ဖီဖြင့် ဧည့်ခံခဲ့သည်။
အစည်းအဝေးပြန်လည်စတင်ပြီး တက်ရောက်လာသော ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဗဟိုဦးစီး ကော်မတီဝင်များနှင့် လေ့လာသူများအား တိုင်းနှင့်ပြည်နယ်အလိုက် တက်ရောက်လာသူများနှင့် ပရိသတ်အား မိတ်ဆက်ပေးပြီး ပါတီခေါင်းဆောင်များနှင့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များကို တစ်ဦးချင်း မိတ်ဆက်ပေးခဲ့သည်။ ထို့နောက် နေ့လည် ၁၂း၀၀နာရီတွင် အစည်းအဝေးကို ခေတ္တရပ်နားပြီး နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးသည်။
နေ့လည် ၁း၀၀နာရီတွင် အစည်းအဝေးပြန်လည်စတင်ပြီး သဘာပတိအဖြစ် ပါတီဒုတိယဥက္ကဌ ဦးစိုးဝင်း၊ အခမ်းအနားမှူးအဖြစ် အတွင်းရေးမှူး(၂) ဦးနေမင်းကျော်တို့က ဆောင်ရွက်သည်။ ပါတီဒုတိယခေါင်းဆောင် ဦးတိုးပိုမှ နှုတ်ခွန်း ဆက်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင်၏ အစီရင်ခံစာကို ပါတီအထွေထွေ အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်နှင့် အတွင်းရေးမှူး(၁) ဦးကြည်သန်းတို့က ဖတ်ကြားတင်သွင်းခဲ့သည်။ ထို့နောက် အခမ်းအနားအစီအစဉ်အရ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အစီရင်ခံစာများကို တင်သွင်းရာတွင် ကချင်ပြည်နယ်မှ ဒေါ်ဘောက်ဂျာ၊ ကရင်ပြည်နယ်မှ ဦးအောင်ဝင်းလှိုင်၊ စစ်ကိုင်းတိုင်းမှ ဦးကျော်ငြိမ်း၊ မကွေး တိုင်းမှ ဦးအေးမင်းထွန်း၊ မန္တလေးတိုင်းမှ ဦးကျော်အောင်၊ မွန်ပြည်နယ်မှ ဦးကြည်အေး၊ နေပြည်တော်လယ်ဝေးမှ ဦးဇော်နိုင်ဦး၊ ပဲခူးတိုင်းမှ ဦးမြတ်မိုး၊ ရှမ်းပြည်နယ်မှ ဦးကျာလော့၊ ရန်ကုန်တိုင်းမှ ဦးမင်းမင်းထွန်း၊ ဧရာဝတီတိုင်းမှ ဦးတင်ဝင်းတို့က ပြည်နယ်နှင့်တိုင်းများ၏ အစီရင်ခံစာများကို တင်သွင်းဖတ်ကြားခဲ့ကြသည်။
ထို့နောက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စနှင့်စပ်လျဉ်း သည့် သဘောထားနှင့် ပြင်ဆင်ချက်များကို အတွင်းရေးမှူး(၁) ဦးကြည်သန်းမှ ဖတ်ကြားရှင်းလင်းခဲ့သည်။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ခေတ်အခြေနှင့် လိုက်လျောညီထွေစွာ တိုးချဲ့ပြုပြင်ထားသည့် ပါတီ၏ မူဝါဒသဘောထားနှင့်လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့ရသည့်အကြောင်းအချက်များကို ပါတီဥက္ကဌ ဦးခင်မောင်ဆွေက ရှင်းလင်းပြောကြားခဲ့သည်။( မူဝါဒသဘောထား ကို နောက်ဆက်တွဲဖော်ပြထားသည်)
အစည်းအဝေးကိုညနေ၃း၀၀တွင် ခေတ္တရပ်နားပြီးနောက် ပြန်လည်စတင်
သည့်အခါအမျိုးသားဒီမိုက ရေစီအင်အားစုပါတီ တောင်သူလယ်သမားလုပ်ငန်းကော်မတီ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ကော်မတီ တာဝန်ခံ အတွင်းရေးမှူး(၃) ဦးကျော်သူရမှ ပါတီ၏လုပ်ဆောင်ချက်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်များ၊ ပူးပေါင်းလုပ်ဆောင်ထားမှုများနှင့် အောင်မြင်မှုများ၊ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သဘာပတိ ဦးစိုးဝင်းက နိဂုံချုပ်အမှာစကားပြောကြားကာ အစည်းအဝေးပထမနေ့ကို ညနေ ၄း၂၀ နာရီတွင် အောင်မြင်စွာရုပ် သိမ်းခဲ့သည်။