kakanaingmin

kakanaingmin

Tuesday, June 11, 2013

Home » »
မလေးရောက်မြန်မာနိုင်ငံသားများ လုံခြုံရေးအတွက် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများလုံခြုံရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးနိုင်သည့် အဆင့်မြင့်ကိုယ်စား လှယ် အဖွဲ့တစ်ဖွဲ့ကို မလေးရှားနိုင်ငံသို့ စေလွှတ်သွားမည်ဖြစ်သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်နိုင်ရေး ခရီးစဉ်နှင့် ပတ်သက်၍ နှစ်ဘက်ညှိုင်နှိုင်းမှုများ ဆောင်ရွက် လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ...ဒုဝန်ကြီး ဦးရဲထွဋ်၏ လူမှုရေးစာမျက်နှာ၌ ဖော်ပြထားသည်။

မလေးရှားနိုင်ငံတွင် ၂၀၁၃ ခုနှစ် မေလကုန်ပိုင်းမှ စတင်၍ အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီး အဆိုပါအကြမ်းဖက်မှု များသည် ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများမှ ကူးစက်လာခြင်းဖြစ်သည်ဟု ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများရှိနေသည်။

၂၀၁၃ ခုနှစ်မေလ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့က မလေးရှားနိုင်ငံ ဆလာရန်း မြန်မာအလုပ်သမားနှစ်ဦး အသတ်ခံခဲ့ရကြောင်း လူမှုရေးစာမျက်နှာများမှ တစ်ဆင့် သိရသည်။

ဇွန်လ ၃ရက်နေ့တွင် မလေးရှားနိုင်ငံ၌ ကားရေဆေးလုပ်ကိုင်သည့် အသက်(၂၀)၀န်းကျင် မြန်မာအလုပ် သမားတစ်ဦး အသတ်ခံခဲ့ရသည်ဟု မလေးရှားနိုင်ငံ ဘာနားမားသတင်းဌာန၌ ဖော်ပြခဲ့သည်။

"ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် သွားလာလုပ်ကိုင်နေကြတဲ့ သူတွေအများကြီးရှိတယ်။ ကိုယ့်လူမျိုးတွေ အန္တရယ်ကြုံနေ ရတယ်ဆိုရင် ကိုယ့်နိုင်ငံရဲ အစိုးရအနေနဲ့ ဖြေရှင်းမှုတွေ ဆောင်ရွက်ပေးသင့်တယ်"ဟု ရန်ကုန်၊ ကမာရွတ် မြို့နယ်၌ နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ နိုင်ငံတွင် အကြမ်းဖက်မှုများဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် မလေးရှားနိုင်ငံရဲတပ်ဖွဲ့များလည်း ဖမ်းဆီးအရေယူများ ဆောင်ရွက်နေကြောင်း မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူများထံက သိရသည်။

အဆိုပါ ပဋိပက္ခများကြောင့် မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သူများနှင့် ပြည်တွင်းရှိ မိဘဆွေမျိုး များမှလည်း စိုးရိမ်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
Share this games :

0 comments:

Post a Comment