စတုတ္ထအကြိမ်နိုင်ငံလုံးဆို င်ရာဗဟိုဦးစီးကော်မတီအစည်း အဝေး NDF ပါတီ ကျင်းပ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ စတုတ္ထအကြိမ် နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီ
အစည်းအဝေးကို ၁၄-၄-၂၀၁၃ ရက်နေ့ နံနက်၉း၃၀နာရီက ဗိုလ်တထောင်မြိုနယ်၊
ဗိုလ်ကလေးဈေးလမ်းရှိ YWCA ခန်းမတွင် ပထမနေ့အဖြစ် ကျင်းပပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးသို့ NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၊ ဒု-ခေါင်းဆောင် ဦးတိုးပို၊ ပါတီဥက္ကဌ ဥိးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုအလုပ်ကော်မတီဝင်များ၊ ပြည်နယ်နှင့်တိုင်း များမှ ဗဟိုဦးစီးကော်မတီဝင်များနှ င့်
လေ့လာသူများ၊ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှ ပါတီဥက္ကဌနှင့်
အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသော နိုင်ငံရေးပါတီများနှင့်
အထူးဧည်သည်တော်များ ၊ သတင်းထောက်များ စုစုပေါင်း ၁၅၀ ဦးခန့်
တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် သဘာပတိ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ အခမ်းအနားမှူးအထွေထွေအတွင်း ရေးမှူး ဒေါက်တာဝင်းနိုင်တို့ကဆောင် ရွက်သည်။ သဘာပတိ ဦးခင်မောင်ဆွေက အဖွင့်အမှာစကားပြောကြားခဲ့သ ည်။ (ပါတီဥက္ကဌ၏အဖွင့်မိန့်ခွန်း ကို သီးခြားဖော်ပြထားသည်)၊ ထို့နောက် ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းမှ နှုတ်ဆက်အမှာစကားပြောကြားခဲ့ သည်။ တက်ရောက်လာသော မိတ်ဆွေပါတီများမှ သ၀ဏ်လွှာများကို ဖတ်ကြားရာတွင် ဒ်ီမိုကရက်တစ်ပါတီ(မြန်မာ)၏ သ၀ဏ်လွှာကို ပါတီအထွေထွေအတွင်းရေးမှုးချုပ် ဒေါ်သန်းသန်းနုမှလည်းကောင်း၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၏သ၀ဏ်လွှာ ကို ပါတီအတွင်းရေးမှူ ဥိးမျိုးညွှန့်မှလည်းကောင်း ဖတ်ကြားခဲ့သည်။ ထို့နောက် မြန်မာငြိမ်းချမ်းရေးစင်တာမှ ဒေါက်တာ ဆလိုင်းမွန်ကျုံးလျှန် မှ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပ တ်သက်၍ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြာ ပြီး အစည်းအဝေးကို ခေတ္တရပ်နားကာ ဧည့်ပရိသတ်အား ကော်ဖီဖြင့် ဧည့်ခံခဲ့သည်။
အစည်းအဝေးပြန်လည်စတင်ပြီး တက်ရောက်လာသော ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ
ဗဟိုဦးစီး ကော်မတီဝင်များနှင့် လေ့လာသူများအား တိုင်းနှင့်ပြည်နယ်အလိုက်
တက်ရောက်လာသူများနှင့် ပရိသတ်အား မိတ်ဆက်ပေးပြီး ပါတီခေါင်းဆောင်များနှင့်
ပါတီဗဟိုအလုပ်အမှုဆောင်ကော်မ တီဝင်များကို
တစ်ဦးချင်း မိတ်ဆက်ပေးခဲ့သည်။ ထို့နောက် နေ့လည် ၁၂း၀၀နာရီတွင်
အစည်းအဝေးကို ခေတ္တရပ်နားပြီး နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးသည်။
နေ့လည် ၁း၀၀နာရီတွင် အစည်းအဝေးပြန်လည်စတင်ပြီး သဘာပတိအဖြစ် ပါတီဒုတိယဥက္ကဌ ဦးစိုးဝင်း၊ အခမ်းအနားမှူးအဖြစ် အတွင်းရေးမှူး(၂) ဦးနေမင်းကျော်တို့က ဆောင်ရွက်သည်။ ပါတီဒုတိယခေါင်းဆောင် ဦးတိုးပိုမှ နှုတ်ခွန်း ဆက်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင်၏ အစီရင်ခံစာကို ပါတီအထွေထွေ
အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်နှင့် အတွင်းရေးမှူး(၁) ဦးကြည်သန်းတို့က
ဖတ်ကြားတင်သွင်းခဲ့သည်။ ထို့နောက် အခမ်းအနားအစီအစဉ်အရ
ပြည်နယ်နှင့်တိုင်းဒေသကြီး များမှ
အစီရင်ခံစာများကို တင်သွင်းရာတွင် ကချင်ပြည်နယ်မှ ဒေါ်ဘောက်ဂျာ၊
ကရင်ပြည်နယ်မှ ဦးအောင်ဝင်းလှိုင်၊ စစ်ကိုင်းတိုင်းမှ ဦးကျော်ငြိမ်း၊ မကွေး
တိုင်းမှ ဦးအေးမင်းထွန်း၊ မန္တလေးတိုင်းမှ ဦးကျော်အောင်၊ မွန်ပြည်နယ်မှ
ဦးကြည်အေး၊ နေပြည်တော်လယ်ဝေးမှ ဦးဇော်နိုင်ဦး၊ ပဲခူးတိုင်းမှ
ဦးမြတ်မိုး၊ ရှမ်းပြည်နယ်မှ ဦးကျာလော့၊ ရန်ကုန်တိုင်းမှ
ဦးမင်းမင်းထွန်း၊ ဧရာဝတီတိုင်းမှ ဦးတင်ဝင်းတို့က
ပြည်နယ်နှင့်တိုင်းများ၏ အစီရင်ခံစာများကို တင်သွင်းဖတ်ကြားခဲ့ကြသည်။
ထို့နောက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စနှ င့်စပ်လျဉ်း
သည့် သဘောထားနှင့် ပြင်ဆင်ချက်များကို အတွင်းရေးမှူး(၁) ဦးကြည်သန်းမှ
ဖတ်ကြားရှင်းလင်းခဲ့သည်။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ခေတ်အခြေနှင့် လိုက်လျောညီထွေစွာ တိုးချဲ့ပြုပြင်ထားသည့် ပါတီ၏ မူဝါဒသဘောထားနှင့်လုပ်ငန်းစ ဉ် များနှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့ရသည့်အကြောင်းအ ချက်များကို ပါတီဥက္ကဌ ဦးခင်မောင်ဆွေက ရှင်းလင်းပြောကြားခဲ့သည်။( မူဝါဒသဘောထား ကို နောက်ဆက်တွဲဖော်ပြထားသည်)
အစည်းအဝေးကိုညနေ၃း၀၀တွင် ခေတ္တရပ်နားပြီးနောက် ပြန်လည်စတင်
သည့်အခါအမျိုးသားဒီမိုက ရေစီအင်အားစုပါတီ တောင်သူလယ်သမားလုပ်ငန်းကော် မတီ၏ လုပ်ဆောင်ချက်များနှင့်ပတ်သ က်၍ ကော်မတီ တာဝန်ခံ အတွင်းရေးမှူး(၃) ဦးကျော်သူရမှ ပါတီ၏လုပ်ဆောင်ချက်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်များ၊ ပူးပေါင်းလုပ်ဆောင်ထားမှုများနှင့်
အောင်မြင်မှုများ၊ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့်ပတ်သက်သည့်
ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သဘာပတိ
ဦးစိုးဝင်းက နိဂုံချုပ်အမှာစကားပြောကြား ကာ အစည်းအဝေးပထမနေ့ကို ညနေ ၄း၂၀ နာရီတွင် အောင်မြင်စွာရုပ် သိမ်းခဲ့သည်။
အမျိုးသားဒီမိုကရေစီအင်အားစ
ထိုအစည်းအဝေးသို့ NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၊ ဒု-ခေါင်းဆောင် ဦးတိုးပို၊ ပါတီဥက္ကဌ ဥိးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင
အစည်းအဝေးတွင် သဘာပတိ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ အခမ်းအနားမှူးအထွေထွေအတွင်း
အစည်းအဝေးပြန်လည်စတင်ပြီး တက်ရောက်လာသော ပြည်နယ်နှင့်တိုင်းဒေသကြီးမ
နေ့လည် ၁း၀၀နာရီတွင် အစည်းအဝေးပြန်လည်စတင်ပြီး သဘာပတိအဖြစ် ပါတီဒုတိယဥက္ကဌ ဦးစိုးဝင်း၊ အခမ်းအနားမှူးအဖြစ် အတွင်းရေးမှူး(၂) ဦးနေမင်းကျော်တို့က ဆောင်ရွက်သည်။ ပါတီဒုတိယခေါင်းဆောင် ဦးတိုးပိုမှ နှုတ်ခွန်း ဆက်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အမျိုးသားဒီမိုကရေစီအင်အားစ
အစည်းအဝေးကိုညနေ၃း၀၀တွင် ခေတ္တရပ်နားပြီးနောက် ပြန်လည်စတင်
သည့်အခါအမျိုးသားဒီမိုက ရေစီအင်အားစုပါတီ တောင်သူလယ်သမားလုပ်ငန်းကော်
0 comments:
Post a Comment