kakanaingmin

kakanaingmin

Wednesday, June 12, 2013

Home » »
ရိုဟင်ဂျာ အရေး ကုလ လူ့အခွင့် အရေး ကောင်စီတွင် ဆွေးနွေး

ဂျနီဗာ ။ ။ လွန်ခဲ့သည့် ကြာသပတေးနေ့နှင့် သောကြာနေ့ များတွင် "မြန်မာ နိုင်ငံတွင် ရိုဟင်ဂျာ လူမျိုး များကို လူမျိုးတုန်း သတ်ဖြတ်ခြင်း" အကြောင်း အရာမှာ ဆွဇ်ဇာလန် နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပသော ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီ၏ အစည်း အဝေး တွင်ဆွေးနွေးမှု အများဆုံး ကိစ္စရပ် ဖြစ်လာ ခဲ့သည်။ နှစ်ရက် အတွင်း အစည်းအဝေး လေးခု၌ ရခိုင် ဒေသတွင်း လူ့အခွင့် အရေး အခြေ အနေနှင့် ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြောင်း သိရှိ ရသည်။

"မြန်မာ နိုင်ငံ၌ ရိုဟင်ဂျာ မွတ်စလင် များကို ညှင်းပန်း နှိပ်စက်ခြင်း" အစည်း အဝေးကို လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့မှ ဦးဆောင် ကျင်းပ ခဲ့သည်။ Arakan Project ဒါရိုက်တာ Chris Lewa, နိုင်ငံတကာ ဒုက္ခသည် များအဖွဲ့မှ Melanie Teff, မြန်မာ ရိုဟင်ဂျာ အသင်းမှ ဦးထွန်းခင်နှင့် လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့၊ ဂြိုဟ်ထုမှ ပုံများ သုံးသပ်သူ Josh Lyons တို့မှ ရိုဟင်ဂျာ လူမျိုးများကို လူမျိုးတုန်း သတ်ဖြတ်ခြင်း နှင့်ပတ်သက်၍ အကျယ် တ၀န့် ပြောကြား ခဲ့သည်။

နိုင်ငံပေါင်း ၂၀ ကျော်မှ အဖွဲ့ အစည်းများ တက်ရောက် ခဲ့ပြီး၊ အမေရိကား၊ အင်္ဂလန်နှင့် အစ္စလာမစ် ပူးပေါင်း ဆောင်ရွက် ရေးအဖွဲ့ (အိုအိုင်စီ) မှလည်း တက်ရောက် ခဲ့ကြောင်း သိရ ပါသည်။

အပြည့်အစုံသို့ - http://bit.ly/12Dp5FR
Share this games :

0 comments:

Post a Comment