kakanaingmin

kakanaingmin

Wednesday, June 12, 2013

Home » »
ဂျပန်ရောက်မြန်မာများ ပူးပေါင်းပါဝင်ကြရန် ဖိတ်ခေါ်ပါတယ်...။

ဂျပန် တိုကျိုမြို့  Shibuya တွင် ရှိသော မလေးရှားသံရုံး ရှေ့ တွင်
လွမ်းသူ့ ပန်းခွေ ၊ ပန်းခြင်း ၊ message များ ချကာ မလေးရှားတွင် ရက်စက် စွာ အသက်ခံရသော မြန်မာ လူမျိုး များ အတွက် ဝမ်းနည်းခြင်း အထိန်းမှတ် တခုကို အောက်ပါ အစီစဉ်တိုင်း ပြုလုပ်ပါမည်။

***********
ရက်စွဲ : ၂၀၁၃ ခုနှစ် ၆လ ၁၆ ရက်နေ့ (တနင်္ဂနွေနေ့ )
... အချိန် : နံနက် ၁၁ နာရီ
နေရာ : မလေးရှား သံရုံး (ဂျပန်)
လိပ်စာ : 20-16 Nanpedai-cho, Shibuya-ku, Tokyo
အစီစဉ် :
ကြိုတင် ယူဆောင်လာသော ပန်း၊ ပန်းခွေ ၊ ပန်းခြင်း ၊ message cardစသည်များကို သံရုံး ရှေ့တွင် နေရာချ ပြီး ခေတ္တ ငြိမ် သက် ဆုတာင်း ပြီး ပြန်လည် ထွက်ခွာ ပါမည်။
message card များတွင် ရိုင်းစိုင်းသော အသုံးနှုန်း များ အသုံးပြုခြင်းကို ရှောင်ရှားစေလို ပါသည်။
ဆူပူခြင်း အော်ဟစ်ခြင်း များ ပြု လုပ်ခြင်း ကို လုံးဝ တားမြစ်ပါသည်။
***********

အတူတကွ သွားရောက်လို ပါက
Shibuya ဘူတာ Hachiko ထွက်ပေါက် တွင် နံနက် ၁၀နာရီ တွင် လူစု ပါမည်။ ၁၀နာရီ ခွဲ လျင် ဘူတာမှ မလေးရှား သံရုံး သို့ ထွက်ခွာပါမည်။
(Hachiko အရုပ်နားတွင် ပန်းကိုင်ဆောင်ထားခြင်းက လူစု ခြင်းအမှတ်သား ဖြစ်ပါမည်)

မိမိ အစီစဉ်ဖြင့် လည်း လွတ်လပ်စွာ ပန်းခွေ ချ နိုင်ပါသည်။

မှတ်ချက် : Shibuya ဘူတာတွင်းတွင်လည်း ပန်းဆိုင်ရှိသဖြင့် တကူးတက ယူဆောင်ရန် ခက်ခဲ သူများ အသုံးပြုနိုင်ပါသည်။

ငြိမ်းချမ်း စွာ ပန်းခွေ ချလိုသော မည်သူ့ ကိုမဆို လွတ်လပ်စွာ ဖိတ်ကြားပါသည်။
Share this games :

0 comments:

Post a Comment