kakanaingmin

kakanaingmin

Wednesday, June 12, 2013

Home » »
NDF party activity cc meeting

စတုတ္တအကြိမ် နိုင်ငံလုံဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေးအတွက်ကြိုတင်ပြင်ဆင်
လာမည့် ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် ကျင်းပမည့် စတုတ္တအကြိမ် နိုင်ငံလုံဆိုင်ရာ ဗဟိုဦးစီးကော်မတီ အစည်းအဝေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကို ၁၁-၆-၂၀၁၃ ရက်နေ့ နေ့လည် ၁း၀၀နာရီတွင် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဌာနချုပ်ရုံးတွင် ကျင်းပခဲ့သည်။
ထိုညှိနှိုင်းပွဲသို့ ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၊ ဒုခေါင်းဆောင် ဥိးတိုးပို၊ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒု-ဥက္ကဌ ဦးစိုးဝင်း၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၁) ဦးကြည် သန်း၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်သော ဒေါ်ခင်ဝိုင်းကြည်၊ ဦးသာဆိုင်၊ ဦးတိုးတိုး၊ ဗဟိုအလုပ်ကော်မတီဝင် ဦးအောင်ဇင်၊ ဦးအောင်ဆန်း၊ဦးထက်အောင်ကျော်၊ ဦးမင်းမင်း ထွန်း၊ ဦးကြီးမြင့်၊ ဒေါက်တာလှမျိုး တို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မကြာမီကျင်းပမည့် နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးညီလာခံအတွက် ပြင်ဆင်ထားမှုများ၊ ဖိတ်ကြားထားမှုများနှင့် တင်ပြဆွေးနွေးမည့် တိုးချဲပြင်ဆင်ထားသည့် ပါတီ၏မူဝါဒသဘောထားနှင့်လုပ်ငန်းစဉ် မူကြမ်း၊ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရန် ပြင်ဆင်ချက်မူကြမ်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အစီရင်ခံစာ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များကို ဆွေးနွေး၍ အတည်ပြုချက် ရယူခဲ့သည်။ ထို့နောက် အစည်းအဝေးကို ညနေ ၄း၀၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။
Share this games :

0 comments:

Post a Comment