kakanaingmin

kakanaingmin

Wednesday, June 12, 2013

Home » »
မြန်မာလူထုဖိုရမ်လုပ်ငန်းအဖွဲ့၏လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် အာဆီယံလူထုညီလာခံ
ကျင်းပရေး ကော်မတီများဖွဲ့စည်းရေး အခမ်းအနားသို့ ဖိတ်ကြားခြင်း

လူကြီးမင်းများခင်ဗျာ-
မြန်မာလူထုဖိုရမ်လုပ်ငန်းအဖွဲ့ (Myanmar People Forum Working Group) ကို၂၀၁၁ ခုနှစ် နိုင်ဝင်ဘာလတွင် သင်းဖွဲ့မှတ်ပုံတင် လျှောက်ထားပြီး၊ လျှောက်ထားဆဲ အဖွဲ့(၁၃)ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ဖွဲ့စည်းခဲ့သည့် ရည်ရွယ်ချက်မှာ ၂၀၁၄ ခုနှစ် တွင်မြန်မာနိုင်ငံမှ အာဆီယံဥက္ကဌ တာဝန်ယူ သည့်အခါ မြန်မာအရပ်ဘက်အဖွဲ့အစည်း နှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ဦးဆောင်၍ ASEAN People Forum/ ASEAN Civil Society Conference ကိုအောင်မြင်စွာ ကျင်းပနိုင်ရန်ဖြစ်သည်။
ဤသို့ ASEAN People Forum/ ASEAN Civil Society Conference ကို ကျင်းပရာတွင် မြန်မာအရပ်ဘက် အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့်အဖွဲ့ အစည်းများ အား လုံး ပူးပေါင်းပါဝင်နိုင်ရန်အတွက် ကျင်းပရေးပြင်ဆင်မှု ကော်မတီများကို ဖွဲ့စည်းရန်ရှိပါသဖြင့် လူကြီးမင်းတို့ အဖွဲ့အစည်းမှ ဦးဆောင်သူတစ်ဦး တက်ရောက် ပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။

အစီအစဉ်
ကျင်းပမည့် အချိန် ။ ။ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ။
ကျင်းပမည့် နေ့ရက်။ ။ ဇွန်လ ၁၃ ရက် နှင့် ၁၄ ရက်နေ့၊ ၂၀၁၃ ခုနှစ်။
ကျင်းပမည့်နေ့ရာ ။ ။ MiCasa Hotel,
ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို။
Share this games :

0 comments:

Post a Comment