kakanaingmin

kakanaingmin

Wednesday, June 12, 2013

Home » »
Wikileaks ကပေါက်ကြားခဲ့သမျှ

နာဂစ်နှင့်အမေရိကန်သံရုံး

ယခုကြေးနန်းစာကို ၂၆ ရက်ဖေဖော်ဝါရီလ၊ ၂၀၁၀ ခုနှစ်တွင်ရန်ကုန်ရှိအမေရိကန်သံရုံးမှာ ၀ါရှင်တန်သို့ပေးပို့ခဲ့သည်။ ယခုစာပါအကြောင်းအရာများသည် နာဂစ်မုန်တိုင်းပြီး နှစ်နှစ်နီးပါး ကာလတွင်နာဂစ်ဒဏ်ခံဒေသများတွင်ဖြစ်ပျက်နေသည်များကိုမှတ်တမ်းသတင်းပေးပို့
ထားခြင်းဖြစ်သည်။ နာဂစ်နောက်ပိုင်းပြန်လည်ထူထောင်ရေးတွင် အမေရိကန်အစိုးရ၏သည် အကြီးဆုံးအလှုရှင်များအနက်တစ်ဦးဖြစ်ခဲ့သည်။ ယခု ကြေးနန်းစာပါအကြောင်းအရာများမှာ အမေရိကန်တို့၏ပြန်လည်ထူထောင်ရေးအကူအညီသက်သက်ကိုဖော်ပြခဲ့ခြင်းမဟုတ်ဘဲ
မုန်တိုင်းလွန်ကာလ၏ အခြေအနေကိုယေဘုယျသုံးသပ်ပြခြင်းဖြစ်ပြီး လက်ရှိအကူအညီ လိုအပ်နေဆဲအခြေအနေများကိုအလေးပေးတင်ပြထားသည်။

ကြေးနန်းအပြည့်အစုံတွင်အောက်ပါအတိုင်းရှုစားနိုင်ပါသည်။

RANGOON 00000108 001.2 OF 004

၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ တွင်နာဂစ်ဆိုင်ကလုန်းသည် မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများကို ပြင်းထန်စွာရိုက်ခတ်ခဲ့ရာ ခန့်မှန်းခြေအသက်ပေါင်း တစ်သိန်းလေးသောင်းခန့်ဆုံးရှုံးခဲ့ပြီး လူပေါင်း ၇ သန်းခန့်မုန်တိုင်း ဒဏ်ကို ခံစားခဲ့ကြသည်။

မုန်တိုင်းဒဏ်ကိုအကြီးအကျယ်ခံစားခဲ့ရသည့် ဒေသမှာဧရာဝတီတိုင်းဖြစ်ပြီးရန်ကုန်
နေရာအနှံ့အပြားသည်လည်း မုန်တိုင်းဒဏ်မှမလွတ်ကင်းခဲ့ပေ။ အမေရိကန်နိုင်ငံ တကာအကူအညီပေးရေအေဂျင်စီ USAIDနှင့် နိုင်ငံရပ်ခြားကပ်ဘေးများအတွက် အကူအညီပေးရေးဌာန USAID/OFDA မှ အရာရှိနှစ်ဦးမှာ ဘန်ကောက်တွင်ရုံးထိုင်သည်။ ထိုအရာရှိနှစ်ဦးက မုန်တိုင်းဒဏ်အပြင်းထန်ဆုံးခံစားခဲ့ကြရသည့်နေရာများ အနက်မှ လပွတာမြို့နယ်ရှိနေရာအချို့ ၂၀၁၀ ဖေဖော်ဝါရီ ၁ ရက်နေ့မှငါးရက်နေ့အထိသွားရောက်ကာ USAID/OFDA မှအထောက်အပံ့ပေးအပ်ထားသောအကူအညီပေးရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ USAID/OFDA အဖွဲ့များကသွားရောက်ကြည့်ရှုခဲ့သော မုန်တိုင်းဒဏ်သင့်ဒေသများတွင် ဒေသခံများမှာ လုံခြုံသောအမိုးအကာအောက် တွင်ရောက်ရှိနေပြီဖြစ်သော်လည်း အဖွဲ့သားများအနေဖြင့် နေရာထိုင်ခင်းအမိုးအကာ သင့်တင့်လုံလောက်စွာမရှိသူများနေထိုင်ရာ ပလပ်စတစ်အကာအမိုးတဲများကို လည်း တွေ့ရှိခဲ့ကြသည်။အချို့မှာ ပလပ်စတစ်အမိုးသာရှိပြီး အကာပင်မရှိပေ။

သုံးပွင့်ဆိုင်ဗဟို ( TCG) လက်အောက်ရှိ အိုးအိမ်ထောက်ပံ့ရေးအဖွဲ့ က ခန့်မှန်းချက်အရ အမိုးအကာအောက်မရောက်သေးသော၊ အိုးအိမ်နှင့်ပတ်သက်ပြီးအကူအညီ မရခဲ့သော နွမ်းပါးသည့်မိသားစုပေါင်း တစ်သိန်းငါးသောင်းခန့်ကျန်ရှိနေသေးသည်
ဟုသိရသည်။ အိုးအိမ်ထောက်ပံ့ရေးအဖွဲ့ က ဒေသအတွင်းရှိ နေအိမ်များ၏
ထက်ဝက်ခန့်မှာ လုံလုံခြုံခြုံအနေအထားရှိကြောင်းသုံးသပ်ကြသော်လည်း ကွင်းဆင်းစစ်တမ်းတစ်ခုကောက်ယူသောအခါ ဒေသခံများ၏ ၈၄ ရာခိုင်နှုန်းက ၄င်းတို့၏နေအိမ်များမှာ မုန်တိုင်းမတိုင်မီအခြေအနေထက်ပိုပြီး ဆိုးရွားသည် ဟုဆိုကြကြောင်း ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော TCG ၏ အစီရင်ခံစာတစ်ရပ်အရသိရသည်။

မုန်တိုင်းမတိုင်မီက ရှိခဲ့သော နေအိမ်အများစု သည် ဒေသထွက်သစ်ဝါးတို့နှင့် အဓိကထားဆောက်လုပ်ထားပြီး အိမ်ဆိုရုံမည်ကာမတ္တမျှသာဖြစ်ရာ မုန်တိုင်းဒဏ်ကိုကြံ့ကြံ့ခံနိုင်ရန်ခဲယဉ်းသည်။ ယခုအခါ NGO များနှင့် ဒေသခံများ ပူးပေါင်း ဆောက်လုပ်ထားသော အိမ်သစ်များမှာ ပို၍ကြံ့ခိုင်ရာ နာဂစ်ကဲ့သို့
ပြင်းအားကြီးသော မုန်တိုင်းလေ ပြင်းအရှိန်အဟုန်မျိုးသာမဟုတ်ခဲ့လျှင်
သာမာန်အခြေအနေတွင် ယခင်ထက်ပို၍ခံနိုင်ရည်ရှိသည်ဟုယူဆရသည်။
သို့သော် ပြည်တွင်းပြည်ပ NGO များက ဆောက်လုပ်ပေးနိုင်ခဲ့သောအိမ်ခြေ
အရေအတွက်မှာ တကယ်လိုအပ်နေ သည့်အရေအတွက်ထက် များစွာနိမ့်ကျပေသည်။

ယနေ့အချိန်အထိ ဆောက်လုပ်ခဲ့ပြီးသော အိမ်ခြေပေါင်းမှာ အိမ်ထောင်စုပေါင်း တစ်သိန်းငါးသောင်းအတွက်လုံလောက်မည်ဟုခန့်မှန်းရာ ယင်းတို့အနက် တစ်သိန်းနှစ်သောင်းခန့်မှာ ကုလသမဂ္ဂနှင့် NGO များကတည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ မုန်တိုင်းဒဏ်သင့်ဒေသခံအိမ်ထောင်အများစုမှာ ၄င်းတို့ဘာသာကိုယ်ထူကိုယ်ထ ပြန်လည်ဆောက်လုပ်နိုင်သည့်အခြေအနေမရှိပေ။ မြန်မာအစိုးရအနေဖြင့် အိမ်ခြေပေါင်း သုံးသောင်းခန့်ရှိသည်ဟုခန့်မှန်းနိုင်သည်။ ထိုအိမ်အများစုသည့် ပြန်လည်ထူထောင်ရေး ကာလတွင်နေရာရွှေ့ပြောင်းရသောရွာများတွင်အများဆုံးတည်ရှိသည်။

USAID/OFDA အဖွဲ့ဝင်များ၏ ကွင်းဆင်းလေ့လာချက်အရ မြန်မာအစိုးရက အိုးအိမ်ပံ့ပိုးပေးခဲ့သောနေရာများတွင် မဆောက်လုပ်မီဒေသခံတို့နှင့် တိုင်ပင်ညှိနှိုင်းခြင်းနည်းပါးလှသည်ကိုတွေ့ရသည်။ အစိုးရကဆောက်လုပ်ပေးသော အိမ်ခြေသစ်များကိုဒေသခံများသို့ ပေးအပ်ရာတွင် မဲစနစ်ဖြင့် ခွဲတမ်းချပေးခဲ့ခြင်းမျိုးကို
အများဆုံး ကျင့်သုံးခဲ့ပြီး NGO များကမူ မည်သူရထိုက်သည်ဟူသောစည်းကမ်းများကို ချမှတ်ရာတွင် ပိုပြီး ပွင့်လင်းမြင်သာသောစနစ်များကိုသုံးခဲ့ကြကြောင်းတွေ့ရသည်။ ထိုနည်းမှတကယ်လိုအပ်သည့် အိမ်ထောင်စုများလက်သို့ ထိရောက်စွာ အပ်နှင်းနိုင်ပြီး ဒေသခံများအနေဖြင့် ပို၍ပြောရေးဆိုခွင့်ရှိသည်။ ထို့ပြင် အစိုးရ ပံ့ပိုးမှုဖြင့် ဆောက်လုပ်ခဲ့သောအိမ်များတွင်ဖြစ်ကတတ်ဆန်းဖြင့် လေဒဏ်ကိုခံနိုင်
ရန်ခဲယဉ်းသည်။ အိမ်သစ်များမှာ ယခင်ရွာတည်သည့် ပုံစံများနှင့်ကွာခြား လျှက် နေရာသစ်တွင်လေးထောင့်ကွက် ချကာ တည်ဆောက်ထားကြခြင်းဖြစ်သည်။

ဆက်ရန်
Share this games :

0 comments:

Post a Comment